Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 10:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အကယ်၍ သင်​သည် ငါ​၏​လူမျိုး​တော်​ကို မ​လွှတ်​ဘဲ ငြင်းဆန်​နေ​မည်​ဆိုလျှင် မနက်ဖြန် သင့်​နယ်မြေ​ထဲသို့ ကျိုင်းကောင်​များ​ကို ငါ​ရောက်လာ​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သင်​သည်​ငါ​၏​လူ​မျိုး​တော်​တို့​အား​သွား​ခွင့် မ​ပေး​လျှင် နက်​ဖြန်​နေ့​၌​ငါ​သည်​သင်​၏​တိုင်း ပြည်​တွင်​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 လူ မျိုး တော် ကို မ လွှတ် လို ငြင်း ဆို လျှင် သင့် ပြည် တွင်း သို့ ကျိုင်း ကောင် များ ကို နက် ဖြန် ငါ ဆောင် ခဲ့ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သို့​မ​ဟုတ် ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ​နေ​လျှင်၊ ကြည့်​ရှု​လော့။ ကျိုင်း​ကောင်​တို့​ကို သင်၏​ပြည်​သို့ နက်​ဖြန်​ငါ​ဆောင်​ခဲ့​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 10:4
15 ပူးပေါင်းရင်းမြစ်များ  

မောရှေ​နှင့်​အာရုန်​တို့​သည်​လည်း ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် ငါ့​ရှေ့​၌ ကိုယ့်ကိုယ်ကိုယ် မ​နှိမ့်ချ​ဘဲ မည်မျှ​ကြာ​အောင်​တင်းခံ​နေ​မည်နည်း​။ ငါ​၏​လူမျိုး​တော်​သည် ငါ့​ကို​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။


ကျိုင်းကောင်​များ​သည် မြေ​မျက်နှာပြင်​ကို​ဖုံးလွှမ်း​သဖြင့် မြေကြီး​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ထို​ကျိုင်းကောင်​တို့​သည် မိုးသီးဘေး​ဖြစ်​ပြီးနောက် သင်​တို့​၌​ကြွင်းကျန်​သော​အကြွင်းအကျန်​တို့​ကို စား​ကြ​လိမ့်မည်​။ သင်​တို့​၏​လယ်​၌​ပေါက်​သော​အပင်​ရှိသမျှ​တို့​ကို စား​ကြ​လိမ့်မည်​။


ငါ့​ကို​ဝတ်ပြု​ရန် ငါ့​သား​ကို​လွှတ်​လော့​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ သူ့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် သင့်​သား​၊ သင်​၏​သားဦး​ကို ငါ​ကွပ်မျက်​မည်​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက်တွင် မောရှေ​နှင့်​အာရုန်​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​တောကန္တာရ​၌ ငါ့​အဖို့ ပွဲတော်​ကျင်းပ​ရန် ငါ​၏​လူမျိုး​တော်​ကို လွှတ်​လော့​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု လျှောက်​ကြ​၏​။


ဖာရော​မင်းကြီး​က “​မနက်ဖြန်​”​ဟု ဆို​လျှင် မောရှေ​က “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​ကြောင်း အရှင်​သိမြင်​စေရန် အရှင်​၏​စကား​အတိုင်း ဖြစ်​လိမ့်မည်​။


ငါ​သည် ငါ​၏​လူမျိုး​တော်​နှင့်​သင်​၏​လူမျိုး​ကြား​တွင် ခြားနားမှု​ရှိ​စေ​မည်​။ ဤ​နိမိတ်လက္ခဏာ​သည် မနက်ဖြန်​၌ ဖြစ်​လိမ့်မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ကြောင်း ဖာရော​မင်းကြီး​အား​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ ယခု​တိုင်အောင် မ​ဖြစ်​ခဲ့​ဖူး​သော မိုးသီး​သည်းထန်​စွာ​ရွာကျ​ခြင်း​ကို မနက်ဖြန် ဤ​အချိန်​တွင် ငါ​ဖြစ်​စေ​မည်​။


ထာဝရဘုရား​သည် အချိန်​ကို​သတ်မှတ်​တော်မူ​၍ “ငါ​ထာဝရဘုရား​သည် ထို​အမှု​ကို မနက်ဖြန် ဤ​ပြည်​ထဲ၌ ပြု​တော်မူ​မည်”​ဟု မိန့်​တော်မူ​၏​။


ဘုရင်​မ​ရှိ​သော်လည်း တစ်စုတစ်ပေါင်း​တည်း စီတန်း​သွားလာ​တတ်​သော​ကျိုင်းကောင်​များ​နှင့်


“သင်​တို့​ထံ ငါ​စေလွှတ်​ခဲ့​သော စစ်သည်​အလုံးအရင်း​များ​ဖြစ်​သည့် အရာဘကျိုင်း​၊ ယာလက်ကျိုင်း​၊ ခါသိလကျိုင်း​၊ ဂါဇံကျိုင်း​တို့ ဝါးမျို​ဖျက်ဆီး​သော​နှစ်ကာလ​တစ်လျှောက် သင်​တို့​ဆုံးရှုံး​ခဲ့​သမျှ​ကို ငါ​ပြန်ပေး​မည်​။


သင်​သည် လယ်ယာ​၌​မျိုးစေ့​များစွာ​ကြဲ​သော်လည်း ကျိုင်းကောင်​စား​သောကြောင့် အနည်းငယ်​သာ စုသိမ်း​ရ​လိမ့်မည်​။


ထို့နောက် ထို​မီးခိုး​ထဲမှ ကျိုင်းကောင်​များ​သည် မြေကြီး​ပေါ်သို့​ထွက်လာ​ကြ​၏။ သူ​တို့​အား မြေကြီး​၏​ကင်းမြီးကောက်​တို့​၌​ရှိ​သည့် အစွမ်း​ကဲ့သို့သော​အစွမ်း​ကို ပေးအပ်​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ