အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်၍ ကြမ်းတမ်းသောအလုပ်ကို လုပ်စေပါ၏။
အီဂျစ်အမျိုးသားတို့သည် အကျွန်ုပ်တို့ ကိုညှင်းဆဲနှိပ်စက်၍ကျွန်အဖြစ်စေ ခိုင်းပါသည်။-
အိ ဂျစ် ပြည် သား တို့ နှိပ် စက် ညှဉ်း ပန်း၍ အ ကြပ် အ တည်း စေ စား ကြ ရာ၊
အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ်စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
သူတို့ဘဝခါးသီးရလောက်အောင်ပင် ကြမ်းတမ်းသောအလုပ်များဖြစ်သည့် သရွတ်ဖျော်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းရှိသမျှတို့၌ ခိုင်းစေ၏။ ခိုင်းစေလေသမျှတို့၌လည်း ရက်စက်ကြမ်းတမ်းစွာ ခိုင်းစေ၏။
“သင်တို့သည် ဟေဗြဲအမျိုးသမီးတို့အား သားဖွားပေးသောအခါ ကြည့်၍ သားဖွားခုံပေါ်၌ ယောက်ျားလေးဖြစ်လျှင်သတ်စေ။ မိန်းကလေးဖြစ်လျှင်အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
ဖာရောမင်းကြီးကလည်း မိမိလူအပေါင်းတို့အား “မွေးလာသောယောက်ျားလေးရှိသမျှကို နိုင်းမြစ်ထဲသို့ပစ်ချစေ။ မိန်းကလေးရှိသမျှကိုကား အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
နောက်ပိုင်းတွင် အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်အသစ်တစ်ပါး ပေါ်လာ၏။
ထိုသို့ “နေ့စဉ်လုပ်ရမည့်အုတ် မလျော့ရ”ဟု မိန့်ဆိုသဖြင့် အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူတို့သည် မိမိတို့ဒုက္ခရောက်နေပြီဖြစ်ကြောင်း သိမြင်လေ၏။
အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုအမှီပြုပြီးပြောဆိုရန် ဖာရောမင်းကြီးထံဝင်သည့်အချိန်မှစ၍ သူသည် ဤလူမျိုးကိုဒုက္ခရောက်စေပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူမျိုးတော်ကို အလျှင်းကယ်နုတ်တော်မမူပါ”ဟု လျှောက်လေ၏။
သူတို့အား ပို၍ပင်ပန်းသောအလုပ်ကိုလုပ်စေပါ။ အလုပ်ကိုသာလုပ်စေပြီး လှည့်ဖြားသောစကားတို့ကို နားမယောင်စေနှင့်”ဟု အမိန့်ပေးလေ၏။
အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ရောက်သွားပြီး အကျွန်ုပ်တို့သည် အီဂျစ်ပြည်၌ ကာလကြာမြင့်စွာနေထိုင်ကြပါ၏။ အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဆိုးညစ်သောအမှုပြုကြပါ၏။
သို့ဖြစ်၍ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်သောအခါ ထာဝရဘုရားသည် အကျွန်ုပ်တို့၏အသံကို နားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရသော ဆင်းရဲခြင်း၊ ပင်ပန်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြည့်ရှုတော်မူ၏။
ယနေ့မြင်ရသည့်အတိုင်း ထာဝရဘုရားသည် သင်တို့ကို မိမိ၏အမွေခံလူမျိုးတော်အဖြစ် ခေါ်ယူ၍ အီဂျစ်ပြည် သံမီးပြင်းဖိုထဲမှ ထုတ်ဆောင်တော်မူခဲ့၏။