Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 26:6 - Common Language Bible

6 အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​တို့ ကို​ညှင်း​ဆဲ​နှိပ်​စက်​၍​ကျွန်​အ​ဖြစ်​စေ ခိုင်း​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အိ ဂျစ် ပြည် သား တို့ နှိပ် စက် ညှဉ်း ပန်း၍ အ ကြပ် အ တည်း စေ စား ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အဲ​ဂု​တ္တု​လူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်၍ ကျပ်​တည်း​စွာ ကျွန်​ခံ​စေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 အီဂျစ်​လူမျိုး​တို့​သည် အကျွန်ုပ်​တို့​ကို ညှဉ်းပန်း​နှိပ်စက်​၍ ကြမ်းတမ်း​သော​အလုပ်​ကို လုပ်​စေ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 26:6
11 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​အီ​ဂျစ်​အမျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​တွင် အုပ်​ချုပ်​ရေး​အ​ရာ​ရှိ​ချုပ်​များ​ကို​ခန့်​ထား​၍ စိတ်​ဋ္ဌာတ်​ကို​ချိုး​နှိမ်​ရန်​အ​လုပ်​ကြမ်း​ကို​အ​တင်း​အ​ကြပ်​ခိုင်း​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ဖာ​ရော​ဘု​ရင်​၏​ရိက္ခာ​သို​လှောင်​ရာ ပိ​သုံ​မြို့​နှင့်​ရာ​မ​သက်​မြို့​တို့​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တည်​ဆောက်​စေ​၏။-


ဆောက်​လုပ်​ရေး​၌​လည်း​ကောင်း၊ လယ်​ယာ​လုပ်​ငန်း​၌​လည်း​ကောင်း မ​ညှာ​မ​တာ​ဘဲ​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​စေ​ကြ​၏။


``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။-


သို့​ဖြစ်​၍​ဖာ​ရော​ဘု​ရင်​သည်``ဟေ​ဗြဲ​အ​မျိုး​သ​မီး​တို့​မှ​ဖွား​မြင်​သော သား​ယောကျာ်း​မှန်​သ​မျှ​တို့​ကို​နိုင်း​မြစ်​ထဲ​သို့​ပစ်​ချ​ရ​မည်။ သ​မီး​မိန်း​က​လေး​များ​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ရ​မည်'' ဟု​မိ​မိ​၏​ပြည်​သူ​ပြည်​သား​တို့​အား​အ​မိန့်​ပေး​လေ​၏။


ထို​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​အ​ကြောင်း​ကို​လုံး​ဝ​မ​ကြား​ဘူး​သော​ဘု​ရင်​တစ်​ပါး​နန်း​တက်​လာ​လေ​၏။-


ယ​ခင်​နေ့​စဉ်​ထုတ်​လုပ်​သော အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်​ဖြစ်​ကြောင်း​ကို ကြား​ရ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​သည်​မိ​မိ​တို့​၌​ဒုက္ခ​ရောက် မည့်​အ​ရေး​ကို​တွေ့​မြင်​လာ​ကြ​လေ​သည်။


အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ ဖာ​ရော​ဘု​ရင်​ထံ​လျှောက်​ထား​သည့်​အ​ချိန်​မှ စ​၍ သူ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိပ် စက်​ခဲ့​ပါ​ပြီ။ သို့​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​မည်​သည့်​အ​ကူ​အ​ညီ​ကို​မျှ မ​ပေး​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။


သူ​တို့​အား​အ​လုပ်​ကို​အား​သွန်​ခွန်​စိုက်​လုပ် ဆောင်​ကြ​စေ။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​လိမ် လည်​လှည့်​စား​သည့်​စ​ကား​ကို​နား​မ​ယောင်၊ အ​လုပ်​မ​ပျက်​ဘဲ​လုပ်​ကိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​မြွက်​လေ​၏။


အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​၍ နှစ်​ပေါင်း​များ​စွာ​နေ ထိုင်​ခဲ့​ရာ​အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဘိုး ဘေး​များ​နှင့်​အ​ကျွန်ုပ်​တို့​ကို​ညှင်း​ဆဲ​နှိပ်​စက် ခဲ့​ပါ​၏။-


ထို​အ​ခါ​အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​ညီ မ​စ​ရန်​လျှောက်​ထား​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​တို့​၏​လျှောက်​ထား​ချက် ကို​နား​ညောင်း​တော်​မူ​၍ အ​ကျွန်ုပ်​တို့​ခံ​ရ သော​ညှင်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ ကို​သိ​မြင်​တော်​မူ​၏။-


သင်​တို့​သည်​ကား​မီး​ပြင်း​ဖို​သ​ဖွယ်​ဖြစ် သော​အီ​ဂျစ်​ပြည်​ထဲ​မှ ထာ​ဝ​ရ​ဘု​ရား​ထုတ် ဆောင်​ခဲ့​သော​လူ​မျိုး​ဖြစ်​၏။ ကိုယ်​တော်​၏​လူ မျိုး​တော်​ဖြစ်​စေ​ရန် သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့ တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​ရပ်​တည်​လျက် ရှိ​ကြ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ