Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 5:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို​အမှီပြု​ပြီး​ပြောဆို​ရန် ဖာရော​မင်းကြီး​ထံ​ဝင်​သည့်​အချိန်​မှစ၍ သူ​သည် ဤ​လူမျိုး​ကို​ဒုက္ခရောက်​စေ​ပါ​ပြီ​။ ကိုယ်တော်​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို အလျှင်း​ကယ်နုတ်​တော်​မ​မူ​ပါ​”​ဟု လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ ဖာ​ရော​ဘု​ရင်​ထံ​လျှောက်​ထား​သည့်​အ​ချိန်​မှ စ​၍ သူ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​နှိပ် စက်​ခဲ့​ပါ​ပြီ။ သို့​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​မည်​သည့်​အ​ကူ​အ​ညီ​ကို​မျှ မ​ပေး​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 နာ မ တော် နှင့် ဟော ပြော ခြင်း ငှာ ဖာ ရော မင်း ထံ အ ကျွန်ုပ် ဝင် ရောက် က တည်း က ထို မင်း သည် ဤ လူ မျိုး ကို မ ကောင်း ပြု လေ စွ။ ကိုယ် တော် လည်း လူ မျိုး တော် ကို အ လျှင်း ကယ် လွှတ် တော် မ မူ ပါ ဟု လျှောက် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​ခွင့်​နှင့်​ပြော​ခြင်း​ငှာ၊ ဖာ​ရော​မင်း​ထံ​သို့ ဝင်​သည်​နေ့​မှ​စ၍၊ သူ​သည် ဤ​လူ​မျိုး​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။ ကိုယ်​တော်​သည် ကိုယ်​တော်၏​လူ​တို့​ကို အ​လျှင်း​ကယ်​လွှတ်​တော်​မ​မူ​ပါ​ဟု​လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 5:23
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က ဘုရားသခင်​အား ‘​ငါ​တို့​ထံမှ ထွက်သွား​လော့​။ အနန္တတန်ခိုးရှင်​သည် ငါ​တို့​အား မည်သို့​ပြု​နိုင်​မည်နည်း​’​ဟု ဆို​တတ်​ကြ​၏​။


ထာဝရဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ထာဝရဘုရား​၏​အိမ်​တော်​ထဲမှ ကောင်းချီးထောမနာ​ပြု​ကြ​ပါ​၏​။


ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​လက်​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး ယေဗုသိ​လူမျိုး တို့​နေထိုင်​ရာ​အရပ်​ဖြစ်​သည့် ကောင်းမွန်​ကျယ်ဝန်း​သော​ပြည်​၊ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​ရန် ငါ​ကြွလာ​ပြီ​။


ထာဝရဘုရား​က မောရှေ​အား “​ယခု ငါ​သည် ဖာရော​မင်းကြီး​အား မည်သို့​ပြု​မည်​ကို သင်​တွေ့မြင်​ရ​မည်​။ အားကြီး​သော​လက်​တော်​ကြောင့် သူ​သည် ဤ​လူမျိုး​ကို လွှတ်​လိမ့်မည်​။ အားကြီး​သော​လက်​တော်​ကြောင့် သူ​သည် ဤ​လူမျိုး​ကို သူ​၏​တိုင်းပြည်​မှ နှင်ထုတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစစ်ခံ​ပြီး​သော​ကျောက်​၊ တည်​ထား​သော​အုတ်မြစ်​အတွက် အဖိုးတန်​သော​ထောင့်ချုပ်ကျောက်​ကို ဇိအုန်​တောင်​ပေါ်တွင် ငါ​ချ​ထား​၏​။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် စိုးရိမ်​တုန်လှုပ်​မည်​မ​ဟုတ်​။


ထို့ကြောင့် “​ငါ​တို့​လက်​ဖြင့် သင်​မ​သေ​ရ​မည့်​အကြောင်း ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ပရောဖက်​မ​ပြု​နှင့်”​ဟု ဆို​လျက် သင့်​အသက်​ကို​ရန်ရှာ​သော အာနသုတ်​မြို့သား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။


ငါ​သည် ငါ့​ခမည်းတော်​၏​နာမ​အားဖြင့် ရောက်လာ​သော်လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အခြား​သော​သူ​သည် မိမိ​ကိုယ်ပိုင်​နာမ​အားဖြင့် ရောက်လာ​လျှင် ထို​သူ​ကို သင်​တို့​လက်ခံ​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ