Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 5:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထိုသို့ “​နေ့စဉ်​လုပ်​ရ​မည့်​အုတ် မ​လျော့​ရ​”​ဟု မိန့်ဆို​သဖြင့် အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​တို့​သည် မိမိ​တို့​ဒုက္ခ​ရောက်​နေ​ပြီ​ဖြစ်ကြောင်း သိမြင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ယ​ခင်​နေ့​စဉ်​ထုတ်​လုပ်​သော အုတ်​အ​ရေ​အ​တွက် နှုန်း​အ​တိုင်း​ထုတ်​လုပ်​ရ​မည်​ဖြစ်​ကြောင်း​ကို ကြား​ရ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုပ်​ကြပ်​တို့​သည်​မိ​မိ​တို့​၌​ဒုက္ခ​ရောက် မည့်​အ​ရေး​ကို​တွေ့​မြင်​လာ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို သို့ နေ့ စဉ် လုပ် ရ သော အုတ် ကို အ လျှင်း မ လျော့ စေ ရ ဟု ဆင့် ဆို ရ မည့် အ တွက် ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ သည် ဘေး ဆိုး ရောက် ကြောင်း သိ မြင် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​သို့​နေ့​တိုင်း​လုပ်​ရ​သော အုတ်​အ​ရေ​အ​တွက်၌ အ​လျှင်း​မ​လျော့​ရ​ဟု အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​သည် မိ​မိ​တို့၌ အ​မှု​ကြီး​ရောက်​ကြောင်း​ကို သိ​မြင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 5:19
6 ပူးပေါင်းရင်းမြစ်များ  

ယခု​သွား​၍ အလုပ်​လုပ်​ကြ​လော့​။ သင်​တို့​အား ကောက်ရိုး​ကို​ပေး​မည်​မ​ဟုတ်​။ သို့သော် သတ်မှတ်​ထား​သော​အုတ်​ပမာဏ​အတိုင်း သင်​တို့​လုပ်ပေး​ရ​မည်​”​ဟု ဆို​လေ​၏​။


ဖာရော​မင်းကြီး​ထံမှ သူ​တို့​ထွက်သွား​သောအခါ သူ​တို့​နှင့်​တွေ့ဆုံ​ရန် စောင့်​နေ​ကြ​သော အာရုန်​နှင့်​မောရှေ​ကို တွေ့​လျှင်


သို့ရာတွင် ယခင် သူ​တို့​ပြုလုပ်​သော​အုတ်​အရေအတွက်​အတိုင်း သူ​တို့​ကို​လုပ်​စေ​ရ​မည်​။ အရေအတွက်​ကို မ​လျော့​စေ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ပျင်းရိ​ကြ​၏​။ ထို့ကြောင့် သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​အား သွား​၍​ယဇ်ပူဇော်​ကြ​စို့​’​ဟု အော်ဟစ်​ပြောဆို​ကြ​၏​။


တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။


နယ်မြေဒေသ​တစ်ခုခု​တွင် ဆင်းရဲသား​တို့​ကို​ဖိနှိပ်ချုပ်ချယ်​ခြင်း​ကို​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့် ဖြောင့်မတ်​ခြင်း​တို့​မှ​သွေဖည်​ခြင်း​ကို​လည်းကောင်း သင်​မြင်​ရ​လျှင်လည်း ထို​အမှု​ကို​အံ့ဩ​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ရာထူးမြင့်​သော​သူ​တစ်ဦး​ကို သူ့​ထက်​ရာထူးမြင့်​သော​သူ​က စောင့်ကြည့်​နေ​၏​။ ထို​သူ​တို့​ထက် ရာထူးမြင့်​သော​သူ​များ​လည်း ရှိ​ကြ​၏​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​တို့ ခွန်အား​ကုန်ခန်း​၍ အချုပ်အနှောင်​ခံရ​သော​သူ​နှင့် လွတ်လပ်​သော​သူ​ပါ တစ်ယောက်​မျှ​မ​ကျန်​တော့​သည်​ကို မြင်​သောအခါ မိမိ​လူမျိုး​တော်​အတွက် တရားစီရင်​တော်မူ​မည်​။ မိမိ​အစေအပါး​တို့​ကို သနား​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ