တရားဟော 26:15 - မြန်မာ့စံမီသမ္မာကျမ်း
ကိုယ်တော်၏သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်ဖြစ်သော ကောင်းကင်ဘုံမှ ငုံ့ကြည့်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အစ္စရေးကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့အား ပေးတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါ’ဟု လျှောက်ဆိုရမည်။
အခန်းကိုကြည့်ပါ။
ကိုယ်တော်စိုးစံတော်မူရာကောင်းကင်ဘုံမှ ကြည့်ရှုတော်မူ၍ ဘိုးဘေးတို့အားကတိ ထားတော်မူသည့်အတိုင်းပေးသနားသော အစာရေစာပေါကြွယ်ဝသည့်ပြည်နှင့် တကွ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးတို့အားကောင်းချီး ပေးတော်မူပါ' ဟူ၍လျှောက်ဆိုရမည်။
အခန်းကိုကြည့်ပါ။
သန့် ရှင်း သော စံ ရာ တော် ကောင်း ကင် ဘ ဝဂ် မှ စီး ကြည့် တော် မူ၍ ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သည့် အ တိုင်း ပေး သ နား သော၊ နို့ ရည် ပျား ရည် လွှမ်း စီး ရာ ပြည် နယ် နှင့် တ ကွ၊ ဣ သ ရေ လ လူ မျိုး တော် ကို ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ ပါ ဟု တောင်း လျှောက် ကြ လော့။
အခန်းကိုကြည့်ပါ။
ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင်ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလအမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ အကျွန်ုပ်တို့အား ပေးတော်မူသောပြည်၊ နို့နှင့်ပျားရည် စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါဟု လျှောက်ဆိုရမည်။
အခန်းကိုကြည့်ပါ။