မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
တရားဟော 25:16 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုသို့သောအားဖြင့် မတရားသောအမှုကိုပြုသောသူအပေါင်းတို့အား သင်၏ဘုရားသခင်ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ Common Language Bible ထာဝရဘုရားသည် လိမ်လည်လှည့်ဖြား သောသူများကိုရွံရှာတော်မူ၏။ Judson Bible အထက်ဆိုခဲ့ပြီးသောအမှုကို ပြုသောသူအပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ |
မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
အချိန်ချင်းမတူသောအလေးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မမှန်ကန်သောချိန်ခွင်သည်လည်း မကောင်းပေ။
ဆိုးယုတ်သောသူ၏အိမ်တွင် မတရားယူထားသောဥစ္စာ ရှိသေးသလော။ အဝင်ချင်းမတူသောဧဖာ ရှိသေးသလော။
ထိုသို့ ပြုသောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဖွယ်အရာများကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှ နှင်ထုတ်ခဲ့ခြင်း ဖြစ်၏။
မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည် မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ပြုသောသူအားလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
အီဂျစ်ပြည်မှ သင်ထွက်လာ၍ ခရီးပြုကြစဉ် အာမလက်လူမျိုးတို့သည် သင့်အား မည်ကဲ့သို့ပြုခဲ့သည်ကို အောက်မေ့လော့။
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။