အဦးဆုံးမွေးလာသောသားသည် အသားအရေနီ၍ သူ၏တစ်ကိုယ်လုံးသည် သားမွေးခြုံထည်ကဲ့သို့ဖြစ်၏။ သူ၏အမည်ကို ဧသော ဟုမှည့်ခေါ်လေ၏။
တရားဟော 23:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့မွေးဖွားသောသားသမီးများဖြစ်သည့် သူတို့၏တတိယမျိုးဆက်သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ ဝင်ခွင့်ရှိ၏။ Common Language Bible ယင်းတို့၏အဆက်အနွယ်များသည် တတိယမျိုးဆက်မှစ၍ ထာဝရဘုရား ၏လူမျိုးတော်စာရင်းတွင်ပါဝင်နိုင်၏။ Garrad Bible အ နွယ် တ တိ ယ အ ဆက် သား တို့ သည်၊ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် တော် ၌ ပါ ဝင် ကြ စေ။ Judson Bible သူတို့အမျိုးအနွယ်သည် သုံးဆက်မြောက်မှသာ ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်ဖြစ်ရသော အခွင့်ရှိ၏။ |
အဦးဆုံးမွေးလာသောသားသည် အသားအရေနီ၍ သူ၏တစ်ကိုယ်လုံးသည် သားမွေးခြုံထည်ကဲ့သို့ဖြစ်၏။ သူ၏အမည်ကို ဧသော ဟုမှည့်ခေါ်လေ၏။
ထို့နောက်မှ သူ၏ညီသည် ဧသော၏ဖနောင့်ကို မိမိလက်ဖြင့်ဆုပ်ကိုင်လျက်မွေးလာ၏။ သို့ဖြစ်၍ သူ၏အမည်ကို ယာကုပ် ဟုမှည့်ခေါ်လေ၏။ ထိုသားတို့မွေးဖွားကြသောအခါ ဣဇက်သည် အသက်ခြောက်ဆယ်ရှိပြီဖြစ်၏။
ရှောလမုန်မင်းကြီးသည် အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး ဖာရောမင်းကြီး၏သမီးတော်နှင့် စုံဖက်လေ၏။ စံမြန်းရာနန်းတော်၊ ထာဝရဘုရား၏အိမ်တော်နှင့် ဂျေရုဆလင်မြို့ရိုးတို့ ဆောက်လုပ်၍မပြီးမီတိုင်အောင် သူ့ကို ဒါဝိဒ်မြို့တွင် စံမြန်းနေစေ၏။
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။
ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ သူ့ကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင့်ညီယာကုပ်ကို ရက်စက်ခဲ့သောအမှုကြောင့် သင်သည် အရှက်ကို ခြုံရလိမ့်မည်။ ထာဝရတိမ်မြုပ်သွားရလိမ့်မည်။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသောကြောင့် တိုင်းတစ်ပါးသားတို့ကို ချစ်ရမည်။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။
သင်သည် ရန်သူတို့ကိုတိုက်ခိုက်ရန် စစ်ချီ၍ စခန်းချသောအခါ မကောင်းမှုရှိသမျှကိုရှောင်ရမည်။
ထို့နောက် တောထဲတွင် အီဂျစ်ပြည်သားတစ်ဦးကိုတွေ့သဖြင့် ဒါဝိဒ်ထံသို့ခေါ်လာပြီး သူ့အား စားစရာကိုပေး၍ သူသည် စားလေ၏။ သူ့အား ရေကိုလည်းတိုက်၏။