ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူ တစ်စုံတစ်ယောက်မျှမရှိသည့်တိုင်အောင် ရှင်ဘုရင်နှင့်သူ့သားများမှစ၍ သူ့လူအပေါင်းတို့ကို တိုက်ခိုက်ပြီးလျှင် သူ၏ပြည်ကို သိမ်းပိုက်လေ၏။
တရားဟော 20:16 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားအမွေအဖြစ်ပေးတော်မူသော Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော၊ ဟိ တ္တိ၊ အာ မော ရိ၊ ခါ နနိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး ခြား တို့ ပိုင် ဆိုင် ရာ မြို့ ရွာ များ မှာ မူ ချင်း တို့ ဘု ရား များ အား ရွံ ရှာ ဖွယ် ဝတ် ပြု ခြင်း အ လိုက် သင် ကြား၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို မ ပြစ် မှား အံ့ သော ငှါ၊ အ မိန့် တော် အ တိုင်း မြေ လှန် လျက်၊ ဇီ ဝ သက် ရှိ တစ် စုံ တစ် ရာ ကို မျှ အ ရှင် မ ထား ကြ လင့်။ Judson Bible သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစ်စုံတစ်ယောက်ကိုမျှ အသက်မရှင်စေရ။ |
ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူ တစ်စုံတစ်ယောက်မျှမရှိသည့်တိုင်အောင် ရှင်ဘုရင်နှင့်သူ့သားများမှစ၍ သူ့လူအပေါင်းတို့ကို တိုက်ခိုက်ပြီးလျှင် သူ၏ပြည်ကို သိမ်းပိုက်လေ၏။
ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။
ထိုပြည်၌နေထိုင်သောသူရှိသမျှတို့ကို သင်တို့ရှေ့မှ နှင်ထုတ်၍ သူတို့၏ကျောက်ဆစ်ရုပ်တုရှိသမျှတို့ကို ဖျက်ဆီးရမည်။ သူတို့သွန်းလုပ်သောရုပ်တုရှိသမျှတို့ကိုလည်း ဖျက်ဆီး၍ သူတို့အထွတ်အမြတ်ထားရာနေရာရှိသမျှတို့ကို ဖြိုဖျက်ရမည်။
ဤနေရာ၌ရှိသောလူမျိုးတို့၏မြို့မဟုတ်သည့် အဝေး၌ရှိသောမြို့ရှိသမျှတို့ကိုလည်း ထိုသို့ပြုရမည်။
ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး တို့၏မြို့များကို သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အကုန်အစင်ဖျက်ဆီးရမည်။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အသက်ချမ်းသာမပေးရ။
ထိုမိန်းမကိုကွာရှင်းခဲ့သောပထမလင်ယောက်ျားသည် ညစ်ညူးပြီဖြစ်သောထိုမိန်းမနှင့် ပြန်၍စုံဖက်ခွင့်မရှိ။ အကြောင်းမူကား ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်အပေါ် အပြစ်မသက်ရောက်စေနှင့်။
ထာဝရဘုရားသည် သူတို့ကို သင်တို့၌အပ်တော်မူမည်ဖြစ်၍ ငါမှာကြားသောပညတ်တော်ရှိသမျှအတိုင်း သူတို့ကိုပြုရမည်။
ထာဝရဘုရားသည် သင်တို့ကြောင့် ငါ့ကို အမျက်ထွက်၍ ဂျော်ဒန်မြစ်ကို ငါမကူးရ၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အား အမွေအဖြစ်ပေးတော်မူသည့် သာယာဝပြောသောပြည်သို့ ငါမဝင်ရဟု ကျိန်ဆိုတော်မူခဲ့၏။
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး အပြီးတိုင်ချေမှုန်းခဲ့၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည် ခံတပ်မြို့သို့ ပြေးဝင်ကြ၏။
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
အစ္စရေးအမျိုးသားတို့သည် ထိုမြို့တို့မှ တိုက်ယူသောပစ္စည်းနှင့် တိရစ္ဆာန် ရှိသမျှတို့ကို သိမ်းယူ၍ လူတို့ကိုမူ တစ်ယောက်မကျန် ဓားဖြင့်သုတ်သင်ပယ်ရှင်းလေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။
ထို့နောက် သူတို့သည် မြို့နှင့်တကွ မြို့ထဲ၌ရှိသမျှတို့ကို မီးရှို့ပစ်၏။ ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်တို့ကိုမူကား ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ထဲသို့ သွင်းလေ၏။
ထိုနေ့၌ အာဣမြို့သား ယောက်ျား၊ မိန်းမ စုစုပေါင်း တစ်သောင်းနှစ်ထောင် ကျဆုံးလေ၏။
သင်တို့သည် မြို့ကိုသိမ်းပြီးသည်နှင့် မီးရှို့ပစ်ရမည်။ ထာဝရဘုရား၏အမိန့်တော်အတိုင်း သင်တို့ပြုရမည်။ သင်တို့ကို ငါအမိန့်ပေးပြီ”ဟု မှာကြားလေ၏။
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။
ထိုနေ့၌ပင် သူတို့ကို ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌တည်သောယဇ်ပလ္လင်နှင့် အစ္စရေးလူထုအတွက် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် ယောရှုစီရင်ပေးထား၍ ယနေ့တိုင်အောင် ထိုအမှုကို သူတို့ပြုကြ၏။
အစ္စရေးအမျိုးသားတို့ကလည်း “သင်တို့နှင့် မိတ်မဖွဲ့နိုင်။ သင်တို့သည် ငါတို့ အနီးအနား၌ နေထိုင်သူများလည်း ဖြစ်နိုင်ပါသည်”ဟု ဟိဝိလူမျိုးတို့အား ပြန်ပြော၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။