တရားဟော 20:16 - Common Language Bible16 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible16-18 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော၊ ဟိ တ္တိ၊ အာ မော ရိ၊ ခါ နနိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး ခြား တို့ ပိုင် ဆိုင် ရာ မြို့ ရွာ များ မှာ မူ ချင်း တို့ ဘု ရား များ အား ရွံ ရှာ ဖွယ် ဝတ် ပြု ခြင်း အ လိုက် သင် ကြား၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို မ ပြစ် မှား အံ့ သော ငှါ၊ အ မိန့် တော် အ တိုင်း မြေ လှန် လျက်၊ ဇီ ဝ သက် ရှိ တစ် စုံ တစ် ရာ ကို မျှ အ ရှင် မ ထား ကြ လင့်။ အခန်းကိုကြည့်ပါ။Judson Bible16 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစ်စုံတစ်ယောက်ကိုမျှ အသက်မရှင်စေရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သို့သော် သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားအမွေအဖြစ်ပေးတော်မူသော အခန်းကိုကြည့်ပါ။ |
ပထမလင်ယောကျာ်းသည်သူ့အား နောက်တစ် ဖန်မယားအဖြစ်မပေါင်းသင်းရ။ အဘယ် ကြောင့်ဆိုသော်ထိုမိန်းမသည် ညစ်ညမ်းသွား ပြီဟုယူဆရမည်။ ထာဝရဘုရားသည် ယင်းသို့နောက်ထပ်အိမ်ထောင်ပြုခြင်းကို စက်ဆုပ်ရွံရှာတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူ မည့်ပြည်တွင် ထိုကဲ့သို့သောဆိုးရွားသည့် အပြစ်ကိုမကူးလွန်ရ။
ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။
သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-