ယောရှု 11:14 - မြန်မာ့စံမီသမ္မာကျမ်း14 အစ္စရေးအမျိုးသားတို့သည် ထိုမြို့တို့မှ တိုက်ယူသောပစ္စည်းနှင့် တိရစ္ဆာန် ရှိသမျှတို့ကို သိမ်းယူ၍ လူတို့ကိုမူ တစ်ယောက်မကျန် ဓားဖြင့်သုတ်သင်ပယ်ရှင်းလေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။Common Language Bible14 ဣသရေလအမျိုးသားတို့သည်ထိုမြို့ များမှပစ္စည်းဥစ္စာရှိသမျှနှင့်သိုးနွား တိရစ္ဆာန်တို့ကို မိမိတို့အတွက်သိမ်းယူ ကြသည်။ မြို့သူမြို့သားများကိုမူကား တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့ လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible14 လက် ရ ဥစ္စာ၊ တိရ စ္ဆာန် များ မှာ ဣ သ ရေ လူ အ မျိုး သား တို့ ပိုင် ဖြစ်၏။ ဇီ ဝ သက် ရှိ သူ ဟူ သ မျှ ကို ကား၊ တစ် ယောက် မ ကျန်၊ ဖျက် ဆီး လုပ် ကြံ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလလူတို့သည် ကိုယ်အဖို့သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမီတိုင်အောင် ရှိသမျှတို့ကို ဓားနှင့်လုပ်ကြံကြ၏။ တစ်ယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။