သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။
တရားဟော 2:37 - မြန်မာ့စံမီသမ္မာကျမ်း ယဗ္ဗုတ်ချောင်းတစ်လျှောက်မှစ၍ တောင်ပေါ်ဒေသရှိမြို့များနှင့် ငါတို့ဘုရားသခင်ထာဝရဘုရားပညတ်ထားသမျှသော အမ္မုန်အမျိုးသားတို့၏မြေကိုကား မချဉ်းကပ်ရကြ။ Common Language Bible သို့ရာတွင်အမ္မုန်အမျိုးသားတို့ပြည်၊ ယဗ္ဗုတ် မြစ်ကမ်း၊ တောင်ကုန်းဒေသရှိမြို့များနှင့် ငါ တို့၏ဘုရားသခင်ထာဝရဘုရားကမသွား ရန်တားမြစ်သောအရပ်များသို့ငါတို့မချဉ်း ကပ်ကြ။'' Garrad Bible အ မ္မုန် အ မျိုး သား တို့ ပြည်၊ ယ ဗ္ဗုတ် ချောင်း ကမ်း ခြေ တစ် လျှောက် ခင် တန်း ရှိ မြို့ ရွာ များ နှင့် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပ ညတ် ထား တော် မူ ခဲ့ သော အ ရပ် ရပ် ကို ကား သင် တို့ မ ချဉ်း မ ရောက် ကြ ရာ၊ Judson Bible သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သောမြေ၊ တောင်ရိုးမြို့အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသောအရာ တစ်စုံတစ်ခုကိုမျှ မချဉ်းရကြ။ |
သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။
ထိုအခါ အစ္စရေးလူမျိုးတို့သည် ရှိဟုန်မင်းကြီးကို ဓားဖြင့်ခုတ်သတ်၍ အာနုန်ချောင်းမှ အမ္မုန်အမျိုးသားတို့၏နယ်စပ် ယဗ္ဗုတ်ချောင်းအထိ ထိုမင်း၏ပြည်ကိုသိမ်းပိုက်နိုင်၏။ အမ္မုန်အမျိုးသားတို့၏နယ်စပ်သည် အခိုင်အမာရှိ၏။
သင်တို့သည် အမ္မုန်အမျိုးသားတို့ထံသို့ရောက်သောအခါ သူတို့ကို ရန်မပြုနှင့်။ သူတို့ကိုရန်မစနှင့်။ အမ္မုန်အမျိုးသားတို့၏ပြည်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့ပြည်ကို သင်တို့ပိုင်ဖို့ငါမပေး။
သူတို့ကိုရန်မစနှင့်။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏ပြည်ကို ခြေတစ်ဖဝါးစာမျှ သင်တို့အားငါမပေး။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။
ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့ကို ဂိလဒ်မြို့မှစ၍ အာနုန်ချောင်းအလယ်နယ်နိမိတ်အထိ၊ အမ္မုန်အမျိုးသားတို့နယ်နိမိတ်ဖြစ်သောယဗ္ဗုတ်ချောင်းအထိ၊
ဟေရှဘုန်မြို့၌စိုးစံသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး ပိုင်နက်ဖြစ်သည့် အာနုန်ချောင်းနံဘေးရှိအာရော်မြို့၊ အာနုန်ချောင်း တစ်ဝက်မှ ဂိလဒ်ပြည်တစ်ဝက်၊ အမ္မုန်အမျိုးသားတို့နယ်စပ် ယဗ္ဗုတ်ချောင်းအထိ အောင်နိုင်ခဲ့၏။
တမန်က အမ္မုန်ဘုရင်အား “ယေဖသက ‘အစ္စရေးလူမျိုးတို့သည် မောဘပြည်၊ အမ္မုန်ပြည်ကို သိမ်းယူခဲ့သည်မဟုတ်။
အာနုန်ချောင်းမှ ယဗ္ဗုတ်ချောင်းတိုင်အောင်၊ တောကန္တာရမှ ဂျော်ဒန်မြစ်တိုင်အောင် အာမောရိနယ်မြေတစ်ခုလုံးကို သိမ်းပိုက်လိုက်ကြ၏။