တရားဟော 2:37 - Common Language Bible37 သို့ရာတွင်အမ္မုန်အမျိုးသားတို့ပြည်၊ ယဗ္ဗုတ် မြစ်ကမ်း၊ တောင်ကုန်းဒေသရှိမြို့များနှင့် ငါ တို့၏ဘုရားသခင်ထာဝရဘုရားကမသွား ရန်တားမြစ်သောအရပ်များသို့ငါတို့မချဉ်း ကပ်ကြ။'' အခန်းကိုကြည့်ပါ။Garrad Bible37 အ မ္မုန် အ မျိုး သား တို့ ပြည်၊ ယ ဗ္ဗုတ် ချောင်း ကမ်း ခြေ တစ် လျှောက် ခင် တန်း ရှိ မြို့ ရွာ များ နှင့် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပ ညတ် ထား တော် မူ ခဲ့ သော အ ရပ် ရပ် ကို ကား သင် တို့ မ ချဉ်း မ ရောက် ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible37 သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သောမြေ၊ တောင်ရိုးမြို့အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသောအရာ တစ်စုံတစ်ခုကိုမျှ မချဉ်းရကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 ယဗ္ဗုတ်ချောင်းတစ်လျှောက်မှစ၍ တောင်ပေါ်ဒေသရှိမြို့များနှင့် ငါတို့ဘုရားသခင်ထာဝရဘုရားပညတ်ထားသမျှသော အမ္မုန်အမျိုးသားတို့၏မြေကိုကား မချဉ်းကပ်ရကြ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။-
သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-