ထို့ကြောင့် ဘုရားသခင်၏လူက ပရောဖက်နောက်သို့ပြန်လိုက်လာပြီး သူ့အိမ်တွင် အစားအစာကိုစား၍ ရေလည်း သောက်လေ၏။
တရားဟော 18:20 - မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်တစ်ပါးပါးသည် အတင့်ရဲ၍ ငါမမိန့်မှာထားသောစကားကို ငါ့နာမဖြင့် ဆင့်ဆိုလျှင်ဖြစ်စေ၊ အခြားသောဘုရား၏နာမဖြင့်ဆင့်ဆိုလျှင်ဖြစ်စေ ထိုပရောဖက်သည် အသတ်ခံရမည်’ဟု မိန့်တော်မူ၏။ Common Language Bible ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။'' Garrad Bible ငါ့ ကိုယ် စား အ ဖြစ်၊ ငါ မိန့် မှာ တိုင်း မ ဟုတ်၊ မောက် မာ စွာ ဟော ပြော ဝံ့ သော ပ ရော ဖက်၊ အ ခြား ဘု ရား များ ၏ ကိုယ် စား အ ဖြစ် ဟော ပြော သော ပ ရော ဖက် မူ ကား၊ သေ ဒဏ် ခံ စေ ဟု မိန့် တော် မူ ၏။ Judson Bible ငါမမှာထားဘဲ ငါ့အခွင့်ကိုဆောင်၍ ရဲရင့်စွာ ဟောပြောသောပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသောပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်ဟု ငါ့အားမိန့်တော်မူ၏။ |
ထို့ကြောင့် ဘုရားသခင်၏လူက ပရောဖက်နောက်သို့ပြန်လိုက်လာပြီး သူ့အိမ်တွင် အစားအစာကိုစား၍ ရေလည်း သောက်လေ၏။
ယခုမှာ အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ ယေဇဗေလစားပွဲ၌စားသော ဗာလဘုရား၏ပရောဖက်လေးရာ့ငါးဆယ်နှင့် အာရှရနတ်ဘုရားမတံခွန်တိုင်၏ပရောဖက်လေးရာတို့ကို ဆင့်ခေါ်၍ ငါရှိရာကရမေလတောင်ပေါ်တွင် စုဝေးစေလော့”ဟု ဆို၏။
မွန်းတည့်ချိန်သို့ရောက်သောအခါ ဧလိယက သူတို့အား “အသံကျယ်ကျယ်အော်ခေါ်ကြပါလော့။ ဗာလသည် ဘုရားမှန်သည်မဟုတ်လော။ ယခု ဈာန်ဝင်စားနေကောင်းနေလိမ့်မည်။ သို့မဟုတ် အလေးအပေါ့ သွားကောင်းသွားနေလိမ့်မည်။ သို့မဟုတ် ခရီးလွန်ကောင်းလွန်နေလိမ့်မည်။ သို့မဟုတ် အိပ်ပျော်ကောင်းအိပ်ပျော်နေလိမ့်မည်။ တစ်ယောက်ယောက် သွားနှိုးရလိမ့်မည်”ဟု လှောင်ပြောင်လေ၏။
ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
ယဇ်ပုရောဟိတ်တို့ကလည်း ‘ထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။ ပညတ်တရားကို စွဲကိုင်သောသူတို့သည် ငါ့ကိုမသိကြ။ အုပ်ချုပ်သူတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုကြ၏။ အကျိုးမပေးသောအရာတို့နောက်သို့လိုက်ကြ၏။
ထို့ကြောင့် “ကြည့်ရှုလော့။ ငါ့နှုတ်ထွက်စကားကို တစ်ယောက်ထံမှတစ်ယောက် ခိုးယူသောပရောဖက်တို့ကို ငါစီရင်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“ကြည့်ရှုလော့။ ကိုယ်အလိုအလျောက်ဟောပြောပြီးမှ ‘ထာဝရဘုရားမိန့်တော်မူ၏’ဟု ဆိုတတ်သောပရောဖက်တို့ကို ငါစီရင်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့အား “သင်တို့နားနှင့်ဆတ်ဆတ်ကြားကြသည့်အတိုင်း သူသည် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောကြောင့် သေဒဏ်ခံထိုက်သည်”ဟု ပြောဆိုကြ၏။
ထာဝရဘုရားက ‘ငါသည် သူတို့ကိုမစေလွှတ်။ သင်တို့ကို ငါနှင်ထုတ်၍ သင်တို့နှင့် သင်တို့အား ပရောဖက်ပြုဟောပြောသောပရောဖက်တို့ ပျက်စီးခြင်းသို့ရောက်စေရန် သူတို့သည် ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏’ဟူ၍ မိန့်တော်မူပြီ”ဟု ငါဆင့်ဆို၏။
သူတို့သည် မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုတတ်ကြ၏။ ထာဝရဘုရားမစေလွှတ်ဘဲ ထာဝရဘုရား မိန့်မှာတော်မူသည်ဟု ဆိုလျက် ဆိုသည့်အတိုင်းလည်း ပြည့်စုံမည်ဟူ၍ မျှော်လင့်တတ်ကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။
တစ်စုံတစ်ဦးသည် ပရောဖက်ပြုဟောပြောနေသေးလျှင် သူ့ကိုဖြစ်ပွားစေသော သူ့မိဘတို့က ‘သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟုတ်မမှန်ဟောပြောသောကြောင့် အသက်ချမ်းသာရာရမည်မဟုတ်’ဟု ဆို၍ သူ့ကိုဖြစ်ပွားစေသောမိဘကိုယ်တိုင်က ထိုသူပရောဖက်ပြုဟောပြောသောအခါ သူ့ကို ထိုးသတ်လိမ့်မည်။
ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
သင်၏မအေတူဖအေကွဲညီအစ်ကိုဖြစ်စေ၊ သင်၏သားသမီးဖြစ်စေ၊ သင်၏ရင်ခွင်၌ရှိသောမယားဖြစ်စေ၊ အရင်းနှီးဆုံးမိတ်ဆွေဖြစ်စေ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသောအခြားဘုရားများဖြစ်သည့်
တစ်စုံတစ်ယောက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်သောယဇ်ပုရောဟိတ်ကိုသော်လည်းကောင်း၊ တရားသူကြီးကိုသော်လည်းကောင်း နားမထောင်ဘဲ အတင့်ရဲစွာပြုမူနေလျှင် ထိုသူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။
သင့်စိတ်ထဲ၌ ‘ထာဝရဘုရားမိန့်မှာတော်မူသောစကားဟုတ်၊ မဟုတ် မည်သို့သိနိုင်မည်နည်း’ဟု ဆိုလျှင်
ပရောဖက်သည် ထာဝရဘုရား၏နာမတော်ဖြင့် ဆင့်ဆို၍ သူဆင့်ဆိုသည့်အတိုင်း မဖြစ်လာ၊ မပြည့်စုံလာလျှင် ထိုစကားသည် ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်။ ထိုပရောဖက်သည် အတင့်ရဲစွာဆင့်ဆိုပြီ။ သင်သည် သူ့ကို မကြောက်ရ။
သို့သော် သူတို့သည် ဖမ်းဆီးခြင်းနှင့်ဖျက်ဆီးခြင်းခံရရန်အတွက် ပေါက်ဖွားလာသည့် ဘာသာဘာဝဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ဖြစ်ကြပြီး မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုတတ်ကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များပျက်စီးသကဲ့သို့ ပျက်စီးသွား၍
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
ထာဝရဘုရား ကျိန်ဆိုမိန့်မြွက်သည့်အတိုင်း သူတို့ စစ်ချီလေရာရာ၌ ထာဝရဘုရား၏လက်တော်သည် သူတို့အပေါ် ကျရောက်သဖြင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရ၍ အလွန်ဒုက္ခရောက်ရကြ၏။