ယေရမိ 27:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထာဝရဘုရားက ‘ငါသည် သူတို့ကိုမစေလွှတ်။ သင်တို့ကို ငါနှင်ထုတ်၍ သင်တို့နှင့် သင်တို့အား ပရောဖက်ပြုဟောပြောသောပရောဖက်တို့ ပျက်စီးခြင်းသို့ရောက်စေရန် သူတို့သည် ငါ့နာမဖြင့် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏’ဟူ၍ မိန့်တော်မူပြီ”ဟု ငါဆင့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ထာဝရဘုရားကိုယ်တော်တိုင်ကထိုသူတို့ အား မိမိစေလွှတ်တော်မမူကြောင်းမိန့်တော် မူပါပြီ။ သူတို့သည်ကိုယ်တော်၏နာမတော် ကိုအမှီပြု၍ လိမ်လည်ဟောပြောလျက်နေ ကြပါ၏။ သို့ဖြစ်၍ထာဝရဘုရားသည် အရှင့်အားနှင်ထုတ်တော်မူပါလိမ့်မည်။ အရှင်နှင့်တကွအရှင့်အားလိမ်လည် ဟောပြောကြသည့်ပရောဖက်များသည် သေကြေပျက်စီးရကြပါလိမ့်မည်'' ဟု လျှောက်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible15 ငါ နှင် ထုတ် သည့် အ တိုင်း၊ သင် တို့ သည်၊ ဟော ပြော သော ပ ရော ဖက် တို့ ပါ၊ ပျက် စီး ကြ စေ ခြင်း ငှာ၊ ငါ စေ လွှတ် ခြင်း ကင်း လျက်၊ နာ မ တော် နှင့် ပ ရိ ယာယ် ပြု ၍ ဟော ပြော လေ့ ရှိ ကြ သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသားစကားကို ဟောပြောတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
အို ပါရှုရ၊ သင်နှင့် သင်၏အိမ်သူအိမ်သားအားလုံး ဖမ်းခေါ်သွားခြင်းခံရမည်။ သင်နှင့် သင်မုသားသုံး၍ပရောဖက်ပြုသည်ကို နာယူခဲ့သော သင့်အပေါင်းအဖော်တို့သည် ဘေဘီလုံမြို့သို့ရောက်သွား၍ ထိုအရပ်၌သေဆုံးကြလိမ့်မည်။ ထိုအရပ်၌ သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
‘ကြည့်ရှုလော့။ ယုဒဘုရင်နန်းတော်၌ ကျန်ရစ်သောမိန်းမအပေါင်းတို့ကို ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ ခေါ်ဆောင်သွားကြမည်။ ထိုမိန်းမတို့က မင်းကြီးယုံကြည်ရသောမိတ်ဆွေတို့သည် မင်းကြီးကို သွေးဆောင်ကြပြီ၊ အနိုင်ရကြပြီ။ မင်းကြီး၏ခြေသည် ရွှံ့ထဲနစ်သွားလေပြီ။ မိတ်ဆွေတို့လည်း ကျောခိုင်းသွားလေပြီဟု ဆိုကြလိမ့်မည်။