တရားဟော 18:22 - မြန်မာ့စံမီသမ္မာကျမ်း22 ပရောဖက်သည် ထာဝရဘုရား၏နာမတော်ဖြင့် ဆင့်ဆို၍ သူဆင့်ဆိုသည့်အတိုင်း မဖြစ်လာ၊ မပြည့်စုံလာလျှင် ထိုစကားသည် ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်။ ထိုပရောဖက်သည် အတင့်ရဲစွာဆင့်ဆိုပြီ။ သင်သည် သူ့ကို မကြောက်ရ။ အခန်းကိုကြည့်ပါ။Common Language Bible22 သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။'' အခန်းကိုကြည့်ပါ။Garrad Bible22 ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို အ မှီ ပြု ၍၊ ဆင့် ဆို သည့် အ တိုင်း၊ မ ပြည့် စုံ မ ဖြစ် ပျက် က၊ ထို အ ချက် ကို ထာ ဝ ရ ဘု ရား မိန့် ဆို တော် မ မူ။ မောက် မာ စွာ ဟော ပြော ဝံ့ သော ထို ပ ရော ဖက် ကို မ ကြောက် ရွံ့ ကြ ရ။ အခန်းကိုကြည့်ပါ။Judson Bible22 ပရောဖက်သည် ထာဝရဘုရား၏အခွင့်ကိုဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြောသောစကား မပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရားမိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ထိုသက်သေတို့ကို ယူဆောင်လာကြပါစေ။ မည်သည့်အရာများ ဖြစ်ပျက်လိမ့်မည်ကို ငါတို့အား ပြောပြကြပါစေ။ ယခင်က မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာ ငါတို့ဆင်ခြင်၍ ထိုအရာတို့၏အကျိုးဆက်ကိုသိနိုင်မည်။ သို့မဟုတ် ဖြစ်လာမည့်အရာများကို ငါတို့အားပြောကြားကြလော့။
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။