ကျိန်ဆဲခြင်းကို မိမိအဝတ်ကဲ့သို့ ဝတ်ဆင်ထားသည်ဖြစ်၍ ၎င်းသည် သူ၏ကိုယ်ခန္ဓာထဲသို့ ရေကဲ့သို့လည်းကောင်း၊ သူ၏အရိုးများထဲသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။
တောလည် 5:27 - မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမသည် လင်ယောက်ျားအပေါ် ဖောက်ပြန်၍ မိမိကိုယ်မိမိညစ်ညူးစေခဲ့လျှင် သူ့အား ထိုရေကိုတိုက်သောအခါ ကျိန်ဆဲခြင်းကိုဖြစ်စေသောရေသည် သူ့အထဲသို့ဝင်၍ ခါးသီးခြင်းကို ဖြစ်စေသဖြင့် သူ၏ဝမ်းသည် ဖောရောင်လာပြီး ပေါင်သည် ချည့်နဲ့သွားလိမ့်မည်။ ထိုမိန်းမသည် မိမိလူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူဖြစ်လိမ့်မည်။ Common Language Bible အမျိုးသမီးသည်အခြားယောကျာ်းနှင့်ဖောက် ပြန်ကူးလွန်ခဲ့လျှင် သူသည်ဝေဒနာပြင်းပြ စွာခံရ၍ သူ၏ဝမ်းဗိုက်သည်ဖောင်းပွလာလျက် သူ၏မိန်းမအင်္ဂါသည်လည်းခြောက်ကပ်လာလိမ့် မည်။ သူသည်မိမိလူမျိုးအတွက်အမင်္ဂလာ ဖြစ်လိမ့်မည်။- Garrad Bible မိန်း မ သည် လင့် ဝတ် ကို ဖောက် ကျော်၍ ရှုတ် ချ ခံ သည် မှန် လျှင် သောက် ပြီး အ မင်္ဂ လာ ဖြစ် စေ သော ထို ရေ ဝင်၍ နစ် နာ စေ သ ဖြင့် ဝမ်း ဖော ခြင်း၊ ပေါင် သိမ် ခြင်း ခံ ရ သည့် အ လျောက် ဆွေ မျိုး သား ချင်း တို့ ဘောင် တွင် ကျိန် ဆဲ ရာ ရောက် လိမ့် မည်။ Judson Bible ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ညစ်ညူးခြင်းရှိလျှင် ကျိန်ခြင်းဘေးဖြစ်စေသောရေကို သောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန်ခြင်းသို့ရောက်၍ ထိုမိန်းမသည် မိမိအမျိုး၌ ကျိန်အပ်သောသူဖြစ်လိမ့်မည်။ |
ကျိန်ဆဲခြင်းကို မိမိအဝတ်ကဲ့သို့ ဝတ်ဆင်ထားသည်ဖြစ်၍ ၎င်းသည် သူ၏ကိုယ်ခန္ဓာထဲသို့ ရေကဲ့သို့လည်းကောင်း၊ သူ၏အရိုးများထဲသို့ ဆီကဲ့သို့လည်းကောင်း စိမ့်ဝင်ပါစေ။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
သင်တို့၏နာမည်သည် ငါရွေးချယ်သောသူတို့ ကျိန်ဆဲစရာအဖြစ် ကျန်ရစ်မည်။ အရှင်ထာဝရဘုရားသည် သင့်ကိုကွပ်မျက်တော်မူမည်။ မိမိ၏အစေအပါးများကိုကား အခြားနာမည်ဖြင့် ခေါ်တော်မူမည်။
မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ရွံရှာစရာ၊ ထိတ်လန့်စရာဖြစ်စေမည်။ ငါနှင်ထုတ်၍ သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ၊ ကျိန်ဆဲစရာ ဖြစ်စေမည်။
သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် လိုက်လံညှဉ်းဆဲမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့အတွက် ရွံရှာစရာဖြစ်စေမည်။ ငါနှင်ထုတ်၍သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်ဟူ၍ မိန့်တော်မူ၏။
ထိုသူတို့ကြောင့် ဘေဘီလုံမြို့ရှိ ဖမ်းခေါ်သွားခြင်းခံရသောယုဒလူအပေါင်းတို့က ‘ဇေဒကိနှင့် အာဟပ်ကို ဘေဘီလုံဘုရင် မီးရှို့သတ်သကဲ့သို့ သင့်ကို ထာဝရဘုရားပြုပါစေ’ဟု အချင်းချင်းကျိန်ဆဲရာတွင် ခိုင်းနှိုင်းကျိန်ဆဲကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်ဒေါသကိုသွန်ချခဲ့သကဲ့သို့ အီဂျစ်ပြည်သို့ သင်တို့သွားသောအခါ သင်တို့အပေါ်သို့ ငါ့အမျက်ဒေါသကို သွန်ချမည်။ သင်တို့သည် ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာဖြစ်မည်။ ဤပြည်ကို သင်တို့ ပြန်မြင်ရတော့မည်မဟုတ်’ဟု မိန့်တော်မူပြီ။
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန် စိတ်ပိုင်းဖြတ်သော ယုဒလူမျိုးအကြွင်းအကျန်တို့ကို ငါဖယ်ရှားပစ်မည်။ သူတို့အားလုံး အီဂျစ်ပြည်၌ပင် လဲကျသေဆုံးကြရမည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာ ဖြစ်ကြရလိမ့်မည်။
အို ယုဒအမျိုးအနွယ်နှင့် အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ကျိန်ဆဲစရာဖြစ်ခဲ့သော်လည်း သင်တို့ကို ငါကယ်တင်မည်။ ကောင်းချီးပေးမည်။ မကြောက်ကြနှင့်။ သင်တို့လက်ကို ခိုင်ခံ့စေလော့’ဟု မိန့်တော်မူ၏။
သို့သော် သင်သည် သင့်လင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်လျှင်၊ သင့်လင်ယောက်ျားအပြင် အခြားယောက်ျားနှင့်မေထုန်ပြု၍ မိမိကိုယ်မိမိညစ်ညူးစေလျှင်
သို့သော် ထိုမိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေခြင်းမရှိဘဲ စင်ကြယ်သည်ဆိုလျှင် သူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်၍ သားသမီးထွန်းကားလိမ့်မည်။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
သင့်အားထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်ရှိ လူမျိုးအပေါင်းတို့တွင် သင်သည် ထိတ်လန့်စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်လိမ့်မည်။
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။