Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 5:27 - Common Language Bible

27 အ​မျိုး​သ​မီး​သည်​အ​ခြား​ယောကျာ်း​နှင့်​ဖောက် ပြန်​ကူး​လွန်​ခဲ့​လျှင် သူ​သည်​ဝေ​ဒ​နာ​ပြင်း​ပြ စွာ​ခံ​ရ​၍ သူ​၏​ဝမ်း​ဗိုက်​သည်​ဖောင်း​ပွ​လာ​လျက် သူ​၏​မိန်း​မ​အင်္ဂါ​သည်​လည်း​ခြောက်​ကပ်​လာ​လိမ့် မည်။ သူ​သည်​မိ​မိ​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 မိန်း မ သည် လင့် ဝတ် ကို ဖောက် ကျော်၍ ရှုတ် ချ ခံ သည် မှန် လျှင် သောက် ပြီး အ မင်္ဂ လာ ဖြစ် စေ သော ထို ရေ ဝင်၍ နစ် နာ စေ သ ဖြင့် ဝမ်း ဖော ခြင်း၊ ပေါင် သိမ် ခြင်း ခံ ရ သည့် အ လျောက် ဆွေ မျိုး သား ချင်း တို့ ဘောင် တွင် ကျိန် ဆဲ ရာ ရောက် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထို​မိန်း​မ​သည် လင်​ကို​ပြစ်​မှား၍ ညစ်​ညူး​ခြင်း​ရှိ​လျှင် ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော​ရေ​ကို သောက်​ပြီး​မှ သူ့​အ​ထဲ၌ ရေ​ဝင်၍​ခါး​သ​ဖြင့် ဝမ်း​ရောင်​ခြင်း၊ ပေါင်​ပိန်​ခြင်း​သို့​ရောက်၍ ထို​မိန်း​မ​သည် မိ​မိ​အ​မျိုး၌ ကျိန်​အပ်​သော​သူ​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ထို​မိန်းမ​သည် လင်ယောက်ျား​အပေါ် ဖောက်ပြန်​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခဲ့​လျှင် သူ့​အား ထို​ရေ​ကို​တိုက်​သောအခါ ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သော​ရေ​သည် သူ့​အထဲ​သို့​ဝင်​၍ ခါးသီး​ခြင်း​ကို ဖြစ်​စေ​သဖြင့် သူ​၏​ဝမ်း​သည် ဖောရောင်​လာ​ပြီး ပေါင်​သည် ချည့်နဲ့​သွား​လိမ့်မည်​။ ထို​မိန်းမ​သည် မိမိ​လူမျိုး​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 5:27
18 ပူးပေါင်းရင်းမြစ်များ  

ကျိန်​ဆဲ​မှု​သည်​သူ​၏​အ​တွက်​ခါး​ဝတ် ပု​ဆိုး​သ​ဖွယ်​ဖြစ်​၏။ သူ​၏​ကျိန်​ဆဲ​ချက်​များ​သည်​ရေ​ကဲ့​သို့ သူ​၏​ကိုယ်​ခန္ဓာ​ထဲ​သို့​လည်း​ကောင်း၊ဆီ​ကဲ့​သို့ သူ​၏ အ​ရိုး​များ​ထဲ​သို့​လည်း​ကောင်း​စိမ့်​ဝင်​ပါ စေ​သော။


ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။


ငါ​၏​ရွေး​ချယ်​တော်​ခံ​လူ​မျိုး​တော်​သည် သင်​တို့​နာ​မည်​ကို​ကျိန်​စာ​အ​ဖြစ်​အ​သုံး ပြု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း​သင်​တို့​အား​ကွပ်​မျက်​တော် မူ​မည်။ သို့​ရာ​တွင်​ငါ​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား​ငါ​သည်​နာ​မည်​သစ်​ကို​ပေး တော်​မူ​မည်။-


ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​ထိတ် လန့်​တုန်​လှုပ်​သွား​လောက်​အောင် ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ သူ​တို့​အား​လူ​တို့​သည်​ပြက် ရယ်​ပြု​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​ကြောင်း ကို​ပြက်​လုံး​ထုတ်​လျက်​သ​ရော်​ပြော​ဆို ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ကွဲ​လွင့်​စေ သည့်​အ​ရပ်​မှန်​သ​မျှ​တို့​၌​လည်း သူ​တို့ ၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ​ရာ​တွင် အ​သုံး​ပြု​ကြ​လိမ့်​မည်။-


ငါ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက်​ရောက်​စေ မည်။ သူ​တို့​အား​နှိပ်​စက်​မည်။ ထို့​ကြောင့်​လူ​မျိုး တ​ကာ​တို့​သည်​သူ​တို့​ကို​မြင်​၍ ကြောက်​လန့် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ပျံ့​လွင့် စေ​သည့်​အ​ရပ်​မှန်​သ​မျှ​၌ သူ​တို့​သည်​ထို​သူ တို့​တွေ့​ကြုံ​ရ​သည့်​ဘေး​ဒုက္ခ​ကို​မြင်​၍​လန့် ဖျပ်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်။ သူ​တို့​ကို လည်း​ပြက်​ရယ်​ပြု​လျက် သူ​တို့​အ​မည်​နာ​မ ကို​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-


ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် လူ​တစ်​ဦး​တစ်​ယောက် အား​ကျိန်​ဆဲ​လို​လျှင်`ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဗာ​ဗု​လုန်​ဘု​ရင်​က​အ​ရှင်​လတ်​လတ် မီး​ရှို့​သတ်​သည့်​ဇေ​ဒ​ကိ​နှင့်​အာ​ဟတ်​တို့​ကဲ့ သို့​ပြု​တော်​မူ​ပါ​စေ​သော' ဟု​ဆို​ကြ​လိမ့်​မည်။-


``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။


ယု​ဒ​ပြည်​တွင်​ကျန်​ရှိ​ကာ​အီ​ဂျစ်​ပြည်​သို့ သွား​ရောက်​နေ​ထိုင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​သူ တို့​မူ​ကား​တစ်​ယောက်​မ​ကျန်​ဆုံး​ပါး​ပျက်​စီး စေ​မည်။ ကြီး​ငယ်​မ​ဟူ​ထို​သူ​အ​ပေါင်း​တို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး သင့်​၍​အီ​ဂျစ်​ပြည်​တွင်​သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​တို့​ရှေ့​၌​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​လိမ့်​မည်။ လူ​တို့​သည်​သူ​တို့​အား​ပြက် ရယ်​ပြု​လျက်​သူ​တို့​၏​အ​မည်​နာ​မ​ကို ကျိန်​စာ​အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-


အို ယု​ဒ​နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​တိတ် အ​ခါ​က​လူ​မျိုး​ခြား​တို့​သည်​မိ​မိ​တို့​အ​ချင်း ချင်း​ကျိန်​ဆဲ​ရာ​တွင်`သင်​တို့​သည်​ယု​ဒ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​များ​နှင့်​ကြုံ​တွေ့​ရကြ​ပါ စေ​သော' ဟု​ဆို​တတ်​ကြ​၏။ သို့​ရာ​တွင်​ငါ သည်​သင်​တို့​အား​ကယ်​တင်​တော်​မူ​မည်​ဖြစ်​၍ ထို​လူ​မျိုး​ခြား​တို့​သည်​တစ်​ဦး​နှင့်​တစ်​ဦး၊ `သင်​တို့​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ များ​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော' ဟု​ဆို ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ရဲ​ရင့်​မှု​ရှိ​ကြ လော့။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။


သို့​သော်​သင်​သည်​သစ္စာ​ဖောက်​ခဲ့​လျှင်၊


သို့​ရာ​တွင်​အ​မျိုး​သ​မီး​သည် ကူး​လွန်​မှု​မ​ရှိ ခဲ့​သော် ဘေး​မ​သင့်​ဘဲ​သား​သ​မီး​မွေး​ဖွား နိုင်​စွမ်း​ရှိ​လိမ့်​မည်။


ထို​စဉ်​အ​ခါ​က​သင်​တို့​ပြု​ကျင့်​ခဲ့​သော​အ​မှု များ​သည်​မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး​ခဲ့။ သင် တို့​ကို​သာ​သေ​စေ​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့ သည်​ထို​အ​မှု​များ​အ​တွက်​ရှက်​ကြောက်​လျက် နေ​ကြ​၏။-


ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့​အ​တွက်​ထို ရ​နံ့​သည်​သေ​စေ​တတ်​သော​အ​ပုပ်​နံ့​ဖြစ်​၍ ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​အ​တွက် အ​သက်​ရှင်​စေ​တတ်​သည့်​အ​မွှေး​အ​ကြိုင် ဖြစ်​ပေ​သည်။ သို့​ဖြစ်​၍​ဤ​ကဲ့​သို့​သော​အ​မှု ကို​အ​ဘယ်​သူ​ဆောင်​ရွက်​နိုင်​မည်​နည်း။-


သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ