သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
တောလည် 5:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား Common Language Bible ထာဝရဘုရားသည်မောရှေအား၊ Garrad Bible တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ငါ စံ နေ သော တပ် စ ခန်း မ ညစ် ညူး စေ ခြင်း ငှါ နူ နာ စွဲ သူ၊ ရိ ယို သူ၊ သူ သေ အ လောင်း ကြောင့် မ သန့် သူ၊ ယောက်ျား မိန်း မ ဟူ သ မျှ ကို တပ် စ ခန်း ပြင် သို့ နှင် ထုတ် ကြ ရ မည့် အ ကြောင်း ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ |
သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
ထာဝရဘုရားက မောရှေအား “သူ့ဖခင်သည် သူ့မျက်နှာကို တံတွေးထွေးလျှင် သူသည် ခုနစ်ရက်ပတ်လုံး အရှက်ရမည်မဟုတ်လော။ သူ့ကို တပ်စခန်း၏အပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေရမည်။ ထို့နောက်မှ သူ့ကိုပြန်ခေါ်လာရမည်”ဟု မိန့်တော်မူ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။
“ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ အနာကြီးရောဂါစွဲသောသူရှိသမျှ၊ အရိအရွဲထွက်သောသူရှိသမျှ၊ အသေကောင်ကြောင့်မစင်ကြယ်သောသူရှိသမျှတို့ကို တပ်စခန်းထဲမှ ထွက်သွားစေရမည်။