ဤသူတို့ကား ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်ရန် လေဝိသားမြေးတို့ကို သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အသက်နှစ်ဆယ်နှင့်အထက်ရှိသူများအား စာရင်းကောက်ယူရာတွင် နာမည်နှင့်တကွစာရင်းဝင်သောအကြီးအမှူးများ ဖြစ်ကြ၏။
တောလည် 4:23 - မြန်မာ့စံမီသမ္မာကျမ်း အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။ |
ဤသူတို့ကား ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်ရန် လေဝိသားမြေးတို့ကို သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အသက်နှစ်ဆယ်နှင့်အထက်ရှိသူများအား စာရင်းကောက်ယူရာတွင် နာမည်နှင့်တကွစာရင်းဝင်သောအကြီးအမှူးများ ဖြစ်ကြ၏။
ထိုသို့ဖြင့် ဒါဝိဒ်မင်းကြီး၏နောက်ဆုံးအမိန့်တော်အတိုင်း အသက်နှစ်ဆယ်နှင့်အထက် လေဝိသားမြေးတို့ကို စာရင်းကောက်ကြ၏။
အသက်သုံးဆယ်အရွယ်နှင့်အထက် လေဝိအမျိုးများကို ရေတွက်ကြည့်ရာ ယောက်ျားစုစုပေါင်း သုံးသောင်းရှစ်ထောင် ရှိ၏။
ဂေရရှုန်မျိုးနွယ်စုများလုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့မှာ ဤသို့ဖြစ်၏။
အသက်သုံးဆယ်အရွယ်မှ အသက်ငါးဆယ်အရွယ်အထိ တွေ့ဆုံစည်းဝေးရာတဲတော်၌ အမှုတော်ထမ်းဆောင်ရန်လာသောသူအပေါင်းတို့ကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် လူဦးရေစာရင်းကောက်ယူလော့။
အသက်ငါးဆယ်အရွယ်ရောက်လျှင် အမှုတော်ထမ်းဆောင်ခြင်းမှ အနားယူရမည်။ အမှုတော်ထမ်းဆောင်ရန်မလိုတော့ပေ။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းဖူးသနည်း။ မည်သူသည် စပျစ်ခြံကိုစိုက်ပျိုးပြီး ၎င်း၏အသီးကို မစားဘဲနေသနည်း။ သို့မဟုတ် မည်သူသည် သိုးအုပ်ကိုထိန်းကျောင်းပြီး သိုးတို့၏နို့ကို မသောက်ဘဲနေသနည်း။
သမ္မာတရားကိုဟောပြောခြင်း၌ဖြစ်စေ၊ ဘုရားသခင်၏တန်ခိုးတော်၌ဖြစ်စေ၊ လက်ဝဲလက်ယာ၌ကိုင်ထားသော ဖြောင့်မတ်ခြင်း၏လက်နက်များအားဖြင့်ဖြစ်စေ၊
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကို မပြုနိုင်ကြပေ။
ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။
ငါ့သားတိမောသေ၊ သင်နှင့်ပတ်သက်၍ ယခင်ပရောဖက်ပြုဟောပြောထားသည့်အရာများနှင့်အညီ ဤညွှန်ကြားချက်ကို သင့်အား ငါပေး၏။ ဤသည်ကား သင်သည် ယုံကြည်ခြင်းနှင့်ကြည်လင်သောအသိစိတ်တို့ကိုစွဲကိုင်လျက် ထိုပရောဖက်ပြုဟောပြောထားသည့်အရာများအားဖြင့် ကောင်းသောတိုက်ပွဲကို တိုက်ခိုက်နိုင်မည့်အကြောင်းတည်း။
ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။