လူသတ်မိသောသူသည် လူထုရှေ့၌ရပ်၍တရားစီရင်ခြင်းမခံရမီ အသတ်မခံရမည့်အကြောင်း လက်စားချေသူ၏လက်မှလွတ်မြောက်ရန်အတွက် ထိုမြို့တို့သည် ခိုလှုံနိုင်သောမြို့ဖြစ်ရမည်။
ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။-
ထို မြို့ များ သည် လူ ပ ရိ သတ် ရှေ့ တ ရား စီ ရင် ခံ ရန် လူ သတ် တို့ ရပ် ခွင့် မ ရ မ ချင်း၊ သေ စား သေ စေ သူ့ လက် မှ ခို ဝင် ရာ မြို့ များ ဖြစ် ရ လိမ့် မည်။
ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမီတိုင်အောင်၊ သေစားသေစေသောသူ၏ လက်မှလွတ်၍ မှီခိုရာမြို့ဖြစ်ရသတည်း။
ယခုမှာ ဆွေမျိုးသားချင်းအားလုံးထ၍ အရှင့်ကျွန်မအား ဆန့်ကျင်လျက် ‘ညီအစ်ကိုချင်း သတ်သောသူကို ငါတို့ထံအပ်ပါ။ သူသတ်ခဲ့သော သူ့ညီအစ်ကို၏အသက်အစား သူ့ကိုပြန်သတ်မည်။ အမွေခံဖြစ်နေလျှင်လည်း ဖျက်ဆီးပစ်ရမည်’ဟု ဆိုကြပါ၏။ သူတို့သည် အကျွန်ုပ်အတွက် ကျန်နေသေးသောမီးခဲကိုငြှိမ်းပြီး အကျွန်ုပ်ခင်ပွန်း၏အမည်နှင့် မျိုးဆက်ကို မြေကြီးပေါ်မှပပျောက်သွားအောင် ပြုကြပါတော့မည်”ဟု လျှောက်ဆို၏။
သင်တို့ပေးသောမြို့တို့တွင် မြို့ခြောက်မြို့သည် သင်တို့ ခိုလှုံရာမြို့ဖြစ်ရမည်။
သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။
မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုအရပ်သို့ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရမည်။
သို့မဟုတ်လျှင် လမ်းခရီးဝေးသဖြင့် သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်မိသောသူနောက်သို့ ဒေါသတကြီးလိုက်၍မီသောအခါ သူ့ကို အသေသတ်မိလိမ့်မည်။ အကယ်စင်စစ် ထိုလူသတ်မိသောသူသည် မိမိအိမ်နီးချင်းအပေါ် အမုန်းမရှိသောကြောင့် အသေမခံသင့်။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘မောရှေမှတစ်ဆင့် ငါမိန့်မှာခဲ့သည့်အတိုင်း သင်တို့အဖို့ ခိုလှုံရာမြို့ကို ရွေးချယ်ထားလော့။
ဤမြို့များကား အစ္စရေးအမျိုးသားများဖြစ်စေ၊ သူတို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားများဖြစ်စေ မရည်ရွယ်ဘဲလူသတ်မိသောသူ မည်သူမဆို လူထုရှေ့တွင် တရားစီရင်ခြင်းမခံရမီ လက်စားချေမည့်သူ၏လက်၌ မသေရမည့်အကြောင်း ပြေးသွား၍ခိုလှုံရန် ရွေးချယ်ထားသောမြို့များ ဖြစ်၏။