တရားဟော 19:6 - မြန်မာ့စံမီသမ္မာကျမ်း6 သို့မဟုတ်လျှင် လမ်းခရီးဝေးသဖြင့် သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်မိသောသူနောက်သို့ ဒေါသတကြီးလိုက်၍မီသောအခါ သူ့ကို အသေသတ်မိလိမ့်မည်။ အကယ်စင်စစ် ထိုလူသတ်မိသောသူသည် မိမိအိမ်နီးချင်းအပေါ် အမုန်းမရှိသောကြောင့် အသေမခံသင့်။ အခန်းကိုကြည့်ပါ။Common Language Bible6 အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible6 မုန်း ထား ခြင်း ကင်း သည် ဖြစ်၍၊ သေ ဒဏ် မ ခံ ထိုက် သူ့ ကို စိတ် နာ သော သေ စား သေ စေ သူ သည် ခ ရီး ရှည် သ ဖြင့် လိုက် မီ လျက် သတ် မိ မည် စိုး သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible6 သို့မဟုတ် သေစားသေစေသောသူသည် စိတ်မာန်ထစဉ်အခါ၊ လူသတ်ကိုလိုက်လျက် ခရီးဝေးသောကြောင့် မီ၍သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဖော်ကို ရန်ငြိုးဖွဲ့ခြင်းမရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။ အခန်းကိုကြည့်ပါ။ |
ယခုမှာ ဆွေမျိုးသားချင်းအားလုံးထ၍ အရှင့်ကျွန်မအား ဆန့်ကျင်လျက် ‘ညီအစ်ကိုချင်း သတ်သောသူကို ငါတို့ထံအပ်ပါ။ သူသတ်ခဲ့သော သူ့ညီအစ်ကို၏အသက်အစား သူ့ကိုပြန်သတ်မည်။ အမွေခံဖြစ်နေလျှင်လည်း ဖျက်ဆီးပစ်ရမည်’ဟု ဆိုကြပါ၏။ သူတို့သည် အကျွန်ုပ်အတွက် ကျန်နေသေးသောမီးခဲကိုငြှိမ်းပြီး အကျွန်ုပ်ခင်ပွန်း၏အမည်နှင့် မျိုးဆက်ကို မြေကြီးပေါ်မှပပျောက်သွားအောင် ပြုကြပါတော့မည်”ဟု လျှောက်ဆို၏။
ဥပမာအားဖြင့် အိမ်နီးချင်းနှင့်အတူ တောထဲသို့ သစ်ခုတ်သွားသောသူသည် အပင်ခုတ်လှဲရန် ပုဆိန်ကိုလွှဲလိုက်သောအခါ ပုဆိန်သည် အရိုးမှကျွတ်ထွက်၍ အိမ်နီးချင်းကို ထိမှန်ကာ အိမ်နီးချင်းသေသွားလျှင် လူသတ်မိသောသူသည် ထိုမြို့များထဲမှ တစ်မြို့မြို့သို့ ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရလိမ့်မည်။