အကျွန်ုပ်တို့သည် သခင်၏ရှေ့၌ မျက်နှာရပါလျှင် ဤပြည်ကို သခင်၏အစေအပါးတို့အား ပိုင်ဆိုင်ရာမြေအဖြစ်ပေးပါ။ ဂျော်ဒန်မြစ်တစ်ဖက်သို့ အကျွန်ုပ်တို့မကူးပါရစေနှင့်”ဟု လျှောက်ကြ၏။
သို့ဖြစ်၍ဤဒေသတွင်အကျွန်ုပ်တို့နေ ထိုင်ရန်အပိုင်ပေးသနားပါ။ အကျွန်ုပ်တို့ အားယော်ဒန်မြစ်တစ်ဖက်သို့ကူး၍မနေ ထိုင်စေပါနှင့်'' ဟုလျှောက်ထားကြ၏။
အ ရှင့် စိတ် နှင့် တွေ့ ပါ လျှင် ဤ ပြည် ကို ကျွန် တော် မျိုး တို့ အ ပိုင် ယူ ပါ ရ စေ။ ယော် ဒန် မြစ် တစ် ဘက် သို့ ပို့ ဆောင် တော် မ မူ ပါ နှင့် ဟု တောင်း လျှောက် ကြ သော်၊
သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အားအပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
အရှင်၏အစေအပါးသည် အရှင်၏ရှေ့၌ မျက်နှာရပါပြီ။ အကျွန်ုပ်၏အသက်ကိုချမ်းသာပေးခြင်းအားဖြင့် အကျွန်ုပ်အားပြသော အရှင်၏မေတ္တာသည် ကြီးမားလှပါ၏။ သို့ရာတွင် အကျွန်ုပ်သည် တောင်ပေါ်သို့မပြေးနိုင်ပါ။ ဘေးအန္တရာယ်သည် အကျွန်ုပ်ကိုလိုက်မီ၍ သေရမည်ကိုစိုးရိမ်ပါ၏။
ယွာဘက မြေပေါ်မှာပျပ်ဝပ်လျက် ဦးညွှတ်ကာ ရှင်ဘုရင်အား ကောင်းချီးသြဘာပေးလျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးသည် အရှင့်အစေအပါးအား မျက်နှာသာပေးကြောင်းကို ယနေ့ အကျွန်ုပ်သိရပါပြီ။ အရှင်မင်းကြီးသည် အရှင့်အစေအပါးတောင်းဆိုသည့်အတိုင်း ပြုစေပါပြီ”ဟု ပြန်လျှောက်၏။
ရှင်ဘုရင်သည် နန်းတော်ဝင်းအတွင်း၌ရပ်နေသော မိဖုရားဧသတာကို မြင်လျှင် ချစ်ကြင်နာစိတ်ဖြစ်၍ ရှင်ဘုရင်သည်လည်း လက်ထဲရှိရွှေရာဇလှံတံကို ဧသတာအားကမ်းပေးလေ၏။ ဧသတာလည်း အနီးသို့လာ၍ ရာဇလှံတံ၏ထိပ်ဖျားကို တို့လေ၏။
တစ်ဖန် ထာဝရဘုရားက “ဓားဘေးမှအသက်ရှင်ကျန်ရစ်သောသူတို့သည် တောကန္တာရ၌ ကျေးဇူးတော်ခံစားရပြီ။ အစ္စရေးလူမျိုးတို့သည် ငြိမ်ဝပ်ချမ်းသာရာသို့ ချီလေပြီ”ဟု မိန့်တော်မူ၏။
အစ္စရေးလူထုတို့၏ရှေ့မှောက်၌ ထာဝရဘုရားတိုက်ခိုက်သိမ်းပိုက်တော်မူခဲ့သောနယ်မြေတို့သည် တိရစ္ဆာန်အတွက် သင့်တော်သောမြေဖြစ်၏။ သခင်၏အစေအပါးတို့၌လည်း တိရစ္ဆာန်ရှိပါ၏။
မောရှေကလည်း ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့အား “သင်တို့၏အမျိုးသားချင်းတို့ စစ်တိုက်သွားနေစဉ် သင်တို့ ဤအရပ်၌ နေခဲ့ကြမည်လော။
သင်တို့ကြောင့် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်ထွက်တော်မူ၍ ‘သင်သည်လည်း ထိုပြည်သို့ ဝင်ရမည်မဟုတ်။
ယောရှုက “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးတို့အား ဂျော်ဒန်မြစ်ကိုဖြတ်ကူးစေပြီး အာမောရိလူမျိုးတို့လက်သို့အပ်၍ ဖျက်ဆီးစေရန် အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၌ နေခဲ့သင့်၏။
ရုသကလည်း မြေမှာပျပ်ဝပ်လျက် “တစ်ပါးအမျိုးသားဖြစ်သောအကျွန်ုပ်ကို သခင်က အဘယ်ကြောင့် အသိအမှတ်ပြုမျက်နှာသာပေးပါသနည်း”ဟု မေးရာ
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။