ယေရမိ 31:2 - မြန်မာ့စံမီသမ္မာကျမ်း2 တစ်ဖန် ထာဝရဘုရားက “ဓားဘေးမှအသက်ရှင်ကျန်ရစ်သောသူတို့သည် တောကန္တာရ၌ ကျေးဇူးတော်ခံစားရပြီ။ အစ္စရေးလူမျိုးတို့သည် ငြိမ်ဝပ်ချမ်းသာရာသို့ ချီလေပြီ”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ငါသည်တောကန္တာရ၌အသက်ဘေးမှလွတ် မြောက်လာကြသူတို့အား ကရုဏာပြခဲ့၏။ ဣသရေလပြည်သားတို့သည်နားနေခွင့်ကို တောင့်တကြသောအခါ၊- အခန်းကိုကြည့်ပါ။Garrad Bible2 ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဓား ဘေး လွတ် သူ ဣ သ ရေ လ လူ မျိုး သည်၊ တော အ ရပ် တွင် စိတ် တော် နှင့် တွေ့ ပြီ ဖြစ်၍ သက် သာ ရ စေ ခြင်း ငှာ ငါ ကြွ တော့ မည်။ အခန်းကိုကြည့်ပါ။Judson Bible2 တစ်ဖန်မိန့်တော်မူသည်ကား၊ ဓားဘေးနှင့် လွတ်သောသူတို့သည် တော၌ကျေးဇူးကိုခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကိုချမ်းသာပေးမည်။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူပြီ။ ဤကြီးမားသောတောကန္တာရကို သင်တို့ဖြတ်သွားရကြောင်း ကိုယ်တော်သိတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤအနှစ်လေးဆယ်ပတ်လုံး သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်တို့၌ ချို့တဲ့ခြင်းမရှိ”ဟူ၍ ဆင့်ဆိုလော့’ဟု မိန့်တော်မူ၏။