တောလည် 32:6 - မြန်မာ့စံမီသမ္မာကျမ်း6 မောရှေကလည်း ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့အား “သင်တို့၏အမျိုးသားချင်းတို့ စစ်တိုက်သွားနေစဉ် သင်တို့ ဤအရပ်၌ နေခဲ့ကြမည်လော။ အခန်းကိုကြည့်ပါ။Common Language Bible6 ထိုအခါမောရှေက``သင်တို့၏သားချင်းများ စစ်ချီတိုက်ခိုက်နေစဉ် သင်တို့သည်ဤအရပ် တွင်နေထိုင်ကြပါသလော။- အခန်းကိုကြည့်ပါ။Garrad Bible6 ဂဒ် အ နွယ်၊ ရု ဗင့် အ နွယ် သား တို့ အား မော ရှေ က၊ ဆွေ မျိုး သား ချင်း တို့ စစ် ချီ ကြ ခိုက် ကိုယ် တိုင် ဤ အ ရပ် တွင် ထိုင် နေ ကြ မည် လော။ အခန်းကိုကြည့်ပါ။Judson Bible6 မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွားရမည်လော။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဥရိယက ဒါဝိဒ်မင်းကြီးအား “သေတ္တာတော်နှင့်တကွ အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည် တဲများ၌သာ နေကြပါ၏။ အကျွန်ုပ်၏သခင် ယွာဘနှင့် အကျွန်ုပ်သခင်၏စစ်သည်တို့သည်လည်း ကွင်းပြင်၌သာ စခန်းချကြပါ၏။ အကျွန်ုပ်မူကား အိမ်သို့ပြန်ပြီး စားသောက်လျက်၊ မယားနှင့်အိပ်လျက် နေသင့်ပါသလော။ မင်းကြီးအသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ် ထိုသို့မပြုသင့်ပါ”ဟု ပြန်လျှောက်လေ၏။