“သင်တို့အား ပိုင်ဆိုင်ရာအဖြစ် ငါပေးသောခါနာန်ပြည်ထဲသို့ သင်တို့ဝင်ရောက်၍ သင်တို့ပိုင်ဆိုင်ရာပြည်ရှိအိမ်၌ မှိုစွဲနာကို ငါဖြစ်ပွားစေသောအခါ
တောလည် 32:32 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် လက်နက်ကိုင်စွဲလျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်။ အကျွန်ုပ်တို့အတွက် ပိုင်ဆိုင်ရာအမွေမြေသည် ဂျော်ဒန်မြစ်တစ်ဖက်၌ ဖြစ်စေပါ”ဟု ပြန်လျှောက်ကြ၏။ Common Language Bible အကျွန်ုပ်တို့သည်ယော်ဒန်မြစ်အရှေ့ဘက် ရှိပြည်ကိုအပိုင်ရနိုင်ရန် ထာဝရဘုရား ၏ရှေ့ဆောင်မှုကိုနာခံလျက် ခါနာန်ပြည် ဘက်သို့ကူး၍စစ်ချီတိုက်ခိုက်ပါမည်'' ဟုလျှောက်ထားကြလေသည်။ Garrad Bible ထာ ဝ ရ ဘု ရား ရှေ့၊ လက် နက် စွဲ ကိုင် လျက် ခါ နာန် ပြည် သို့ ကူး ချီ ကြ ပါ မည်။ ယော် ဒန် မြစ် ဤ ဘက်၌ သာ ပိုင် စု တည် ပါ ရ စေ ဟု တောင်း လျှောက် ကြ သည့် အ တိုင်း၊ Judson Bible ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည်အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်ဟု ပြန်လျှောက်ကြ၏။ |
“သင်တို့အား ပိုင်ဆိုင်ရာအဖြစ် ငါပေးသောခါနာန်ပြည်ထဲသို့ သင်တို့ဝင်ရောက်၍ သင်တို့ပိုင်ဆိုင်ရာပြည်ရှိအိမ်၌ မှိုစွဲနာကို ငါဖြစ်ပွားစေသောအခါ
အကျွန်ုပ်တို့၏အမွေမြေသည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း၌ ကျသောကြောင့် ဂျော်ဒန်မြစ်တစ်ဖက်ကိုလွန်၍ သူတို့နှင့်အတူ အမွေမြေကိုမယူပါ”ဟု ပြန်လျှောက်ကြ၏။
ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့က “ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သခင်၏အစေအပါးတို့ ပြုပါမည်။
ထိုအခါ မောရှေသည် ဂဒ်သားမြေး၊ ရုဗင်သားမြေးများနှင့် ယောသပ်သား မနာရှေမျိုးနွယ်တစ်ဝက်အား အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံ၊ ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတို့ကို မြို့များနှင့်တကွ မြေများ၊ မြို့ပတ်ပတ်လည်ရှိ နယ်မြေများကိုပေးလေ၏။
ဤအမျိုးအနွယ်နှစ်နွယ်နှင့် တစ်ဝက်သည် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ အရှေ့ဘက်နေထွက်ရာအရပ်တွင် အမွေရပြီးဖြစ်၏”ဟု မိန့်မှာလေ၏။
ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။
သူတို့၏ပြည်ကို သိမ်းယူပြီး ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့အား အမွေအဖြစ်ပေးခဲ့၏။
ထိုအချိန်၌ ငါတို့သိမ်းပိုက်ခဲ့သောမြေကို ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့အား အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှ ဂိလဒ်တောင်ပေါ်ဒေသတစ်ဝက်အထိ မြို့များနှင့်တကွ ငါပေး၏။
အစ္စရေးအမျိုးသားတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောပြည်နှင့်ဘုရင်များကား ဤသို့ဖြစ်၏။ အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အာနုန်ချောင်းမှစ၍ ဟေရမုန်တောင်အထိ၊ အရှေ့ဘက်အရာဗလွင်ပြင်တစ်ခုလုံး၊
ထာဝရဘုရား၏အစေအပါးမောရှေနှင့်အစ္စရေးအမျိုးသားတို့သည် ထိုပြည်တို့ကိုအောင်နိုင်ပြီးလျှင် ထာဝရဘုရား၏အစေအပါးမောရှေသည် ထိုပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်အား ပိုင်ဆိုင်ရာအဖြစ်ပေးလေ၏။