သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။
တောလည် 21:26 - မြန်မာ့စံမီသမ္မာကျမ်း ဟေရှဘုန်မြို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး စံမြန်းရာမြို့ဖြစ်၏။ ရှိဟုန်မင်းကြီးသည် ယခင်မောဘဘုရင်ကိုတိုက်ခိုက်၍ အာနုန်ချောင်းတိုင်အောင် ထိုရှင်ဘုရင်၏လက်ထဲမှပြည်တစ်ပြည်လုံးကို သိမ်းယူခဲ့၏။ Common Language Bible ဟေရှဘုန်မြို့သည်ကားရှိဟုန်ဘုရင်နန်းစိုက် သောမြို့တော်ဖြစ်သည်။ ရှိဟုန်ဘုရင်၏ပိုင်နက် မှာအာနုန်မြစ်တိုင်အောင်ကျယ်ပြန့်သော ယခင် မောဘပြည်ဘုရင်ပိုင်နက်ဖြစ်သည်။ ထိုနယ်မြေ ကိုရှိဟုန်ဘုရင်ကတိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။- Garrad Bible ဟေ ရှ ဘုန် မြို့ ကား၊ မော ဘ ပြည် တွင် အ ထက် အုပ် စိုး သော မင်း ကို စစ် တိုက်၍ အာ နုန် ချောင်း အ ထိ ပိုင် သော ပြည် တစ် ဝှမ်း လုံး ကို သိမ်း ယူ သူ၊ အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း မြို့ တော် ဖြစ် သ တည်း။ Judson Bible ဟေရှဘုန်မြို့ကား၊ မောဘပြည်ကိုအစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင်အောင် ပြည်ကိုလုယူသော အာမောရိရှင်ဘုရင်ရှိဟုန်မင်းနေသောမြို့ဖြစ်သတည်း။ |
သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။
သင့်ဦးခေါင်းသည် ကရမေလတောင်နှင့်တူပြီး ဦးခေါင်းရှိဆံနွယ်များသည် ပိတုန်းရောင်သန်းလျက်ရှိပါ၏။ ထိုဆံနွယ်စုများသည် ရှင်ဘုရင်ကို ရစ်ပတ်နှောင်တွယ်ထားလေပြီ။
မောဘပြည်သည် ဂုဏ်သရေမရှိတော့ပြီ။ ရန်သူတို့က ‘လာကြ။ မောဘပြည်ကို တိုင်းနိုင်ငံအဖြစ်မှ ငါတို့ဖယ်ရှားကြစို့’ဟု ဟေရှဘုန်မြို့တွင်ပင် မောဘပြည်ကို ကြံစည်ကြပြီ။ အို မာဒမေနမြို့၊ သင်သည်လည်း ဆိတ်ညံရလိမ့်မည်။ ဓားသည် သင့်ကိုလိုက်လေပြီ။
မောဘပြည် ပြိုလဲပြီဖြစ်၍ အရှက်ကွဲပြီ။ ငိုကြွေးမြည်တမ်းကြလော့။ မောဘပြည် ဖျက်ဆီးခံရကြောင်းကို အာနုန်ချောင်းတစ်လျှောက် ကြေညာကြလော့။
“ထွက်ပြေးသောသူတို့သည် အရုပ်ကြိုးပြတ်ရပ်နေရ၏။ အကြောင်းမှာ ဟေရှဘုန်မြို့ကိုခိုလှုံရန်လာကြသော်လည်း ဟေရှဘုန်မြို့မှထွက်သောမီး၊ ရှိဟုန်မင်းကြီးထံမှမီးလျှံသည် မောဘ၏နဖူး၊ အော်ဟစ်ဆူညံနေသူတို့၏ခေါင်းကို လောင်ကျွမ်းနှင့်လေပြီ။
အစ္စရေးလူမျိုးတို့သည် ထိုပြည်ရှိမြို့အားလုံးကို သိမ်းယူကြ၏။ အာမောရိလူမျိုးတို့၏မြို့များဖြစ်သော ဟေရှဘုန်မြို့မှစ၍ ထိုမြို့နှင့်ဆိုင်သောမြို့ငယ်ရှိသမျှတို့၌ အစ္စရေးလူမျိုးတို့နေထိုင်ကြ၏။
ထို့ကြောင့် ကဗျာဆရာတို့က “ဟေရှဘုန်မြို့သို့လာကြ။ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ကို တည်ဆောက်ကြ၊ ပြုပြင်ကြ။
ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးနှင့် ဧဒြိအရပ်၊ အာရှတရုတ်မြို့၌စံမြန်းသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့ကို လုပ်ကြံပြီးနောက်
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ အာနုန်ချောင်းနံဘေးရှိ အာရော်မြို့နှင့် ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်ခုလုံး၊
ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်ရှိ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမုန်မြို့၊
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊
ဟေရှဘုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့ပေါင်းလေးမြို့ကို ပေး၏။ (ရာမုတ်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။)
အစ္စရေးလူမျိုးတို့ ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာရော်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာနုန်ချောင်းဘေးတစ်လျှောက်ရှိမြို့ရွာရှိသမျှတို့၌ နှစ်ပေါင်းသုံးရာနေထိုင်ကြစဉ်အခါက အဘယ်ကြောင့် သင်တို့ ပြန်မသိမ်းယူခဲ့သနည်း။