မတ္တနာအရပ်မှ နဟာလျေလအရပ်သို့လည်းကောင်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့လည်းကောင်း၊
တောလည် 21:20 - မြန်မာ့စံမီသမ္မာကျမ်း ဗာမုတ်အရပ်မှ ကန္တာရမြေကိုစီးမြင်ရသောပိသဂါတောင်ထိပ်အနီးရှိ မောဘချိုင့်ဝှမ်းလွင်ပြင်သို့လည်းကောင်း ခရီးပြုကြ၏။ Common Language Bible ဗာမုတ်စခန်းမှသဲကန္တာရကိုမျက်နှာမူနေသော ပိသဂါတောင်ခြေရှိမောဘချိုင့်ဝှမ်းသို့လည်း ကောင်းခရီးဆက်ကြလေသည်။ Garrad Bible ဗာ မုတ် စ ခန်း မှ ယေ ရှိ မုန် တော နှင့် ရင် ဆိုင် နေ သော မော ဘ ပြည်၊ ဝိ သ ဂါ တောင် တန်း ဦး ရှိ ချိုင့် သို့ လည်း ကောင်း ချီ သွား ကြ ၏။ Judson Bible ဗာမုတ်အရပ်မှ မောဘချိုင့်သို့လည်းကောင်း၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့လည်းကောင်း ခရီးသွားကြ၏။ |
မတ္တနာအရပ်မှ နဟာလျေလအရပ်သို့လည်းကောင်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့လည်းကောင်း၊
အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးထံသို့ စေတမန်တို့ကိုစေလွှတ်၍
အစ္စရေးအမျိုးသားတို့သည် ခရီးပြုကြပြန်ရာ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်၌ စခန်းချကြ၏။
ထို့နောက် သူသည် ဗာလမ်ကို ပိသဂါတောင်ထိပ်ရှိ ဇောဖိမ်ကွင်းပြင်သို့ ခေါ်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီး ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။
ထို့နောက် ဗာလက်မင်းကြီးသည် ဗာလမ်ကို ကန္တာရမြေကိုစီးမြင်ရသော ပေဂုရတောင်ထိပ်သို့ခေါ်သွား၏။
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာက အစ္စရေးအမျိုးသားတို့ကို ရေတွက်ခဲ့သောအရေအတွက် ဖြစ်၏။
မောရှေသည် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ မောဘပြည်တွင် ထိုပညတ်တရားတို့ကို စတင်ရှင်းပြလေ၏။
သင်သည် ဤဂျော်ဒန်မြစ်ကိုကူးသွားရမည်မဟုတ်သောကြောင့် ပိသဂါတောင်ထိပ်သို့ တက်သွားပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ မျှော်ကြည့်၍ ထိုပြည်ကိုကြည့်လော့။
ထို့နောက် မောရှေသည် မောဘလွင်ပြင်မှ ဂျေရိခေါမြို့နှင့်မျက်နှာချင်းဆိုင်၊ နေဗောတောင်ဟုခေါ်သော ပိသဂါတောင်ထိပ်ပေါ်သို့ တက်သွားလေ၏။ ထာဝရဘုရားသည် သူ့အား ဂိလဒ်ပြည်မှ ဒန်မြို့တိုင်အောင်လည်းကောင်း၊
ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ရှိ အရာဗလွင်ပြင်တစ်ခုလုံးမှစ၍ ပိသဂါတောင်ခြေရှိ အရာဗပင်လယ်တိုင်အောင်လည်းကောင်း သိမ်းပိုက်ခဲ့ကြ၏။