Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 34:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် မောရှေ​သည် မောဘ​လွင်ပြင်​မှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင်​၊ နေဗော​တောင်​ဟု​ခေါ်​သော ပိသဂါ​တောင်​ထိပ်​ပေါ်သို့ တက်သွား​လေ​၏​။ ထာဝရဘုရား​သည် သူ့​အား ဂိလဒ်​ပြည်​မှ ဒန်​မြို့​တိုင်အောင်​လည်းကောင်း​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို​နောက်​မော​ရှေ​သည်​မော​ဘ​လွင်​ပြင်​မှ ယေ​ရိ ခေါ​မြို့​အ​ရှေ့​ဘက်​ရှိ​နေ​ဗော​ခေါ်​ပိ​သ​ဂါ​တောင် ထိပ်​ပေါ်​သို့​တက်​လေ​၏။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မြောက်​ဘက်​ရှိ​ဒန်​မြို့​အ​ထိ​ကျယ် ပြန့်​သော​ဂိလဒ်​ပြည်​နယ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 မော ဘ လွင် ပြင် မှ၊ ယေ ရိ ခေါ မြို့ ရင် ဆိုင်၊ နေ ဗော ခေါ် ပိ သ ဂါ တောင် ထိပ် သို့ မော ရှေ တက် သွား လျှင် ထာ ဝ ရ ဘု ရား သည် ဒန် မြို့ အ ထိ ဂိ လဒ် နယ် တ ရှောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထို​နောက်၊ မော​ရှေ​သည် မော​ဘ​လွင်​ပြင်​မှ​သွား၍ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ဗော​တောင်၊ ပိ​သ​ဂါ​ထိပ်​ပေါ်​သို့ တက်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒန်​မြို့​တိုင်​အောင်၊ ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 34:1
16 ပူးပေါင်းရင်းမြစ်များ  

လောတ​သည် အာဗြံ​နှင့်​ခွဲခွာ​သွား​ပြီးနောက် ထာဝရဘုရား​က အာဗြံ​အား “​ယခု​မျှော်ကြည့်​လော့​။ သင်​ရှိ​ရာ​အရပ်​မှ အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​သို့​ကြည့်​လော့​။


အာဗြံ​သည် မိမိ​ဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြောင်း ကြား​သောအခါ မိမိ​အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်​ကြ​သည့် မိမိ​လေ့ကျင့်​ထား​သော​လူ သုံး​ရာ​တစ်ဆယ့်​ရှစ်​ယောက်​ကို​ခေါ်​၍ ဒန်​မြို့​တိုင်အောင် လိုက်​လေ​၏​။


နိမိတ်အာရုံ​ထဲတွင် ဘုရားသခင်​က ငါ့​ကို အစ္စရေး​ပြည်​သို့​ဆောင်သွား​၍ အလွန်​မြင့်​သော​တောင်​ပေါ်တွင်​ချထား​၏​။ တောင်ဘက်​တွင် မြို့​နှင့်​တူ​သော​အဆောက်အအုံ​ကို တွေ့​ရ​၏​။


ဗာမုတ်​အရပ်​မှ ကန္တာရမြေ​ကို​စီးမြင်​ရ​သော​ပိသဂါ​တောင်​ထိပ်​အနီး​ရှိ မောဘ​ချိုင့်ဝှမ်း​လွင်ပြင်​သို့​လည်းကောင်း ခရီးပြု​ကြ​၏​။


ထို့နောက် သူ​သည် ဗာလမ်​ကို ပိသဂါ​တောင်​ထိပ်​ရှိ ဇောဖိမ်​ကွင်းပြင်​သို့ ခေါ်သွား​၍ ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​ပြီး ထို​ယဇ်ပလ္လင်​တစ်ခုစီ​၌ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​တစ်​ကောင်​စီ​ကို ပူဇော်​လေ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​အာဗရိမ်​တောင်​ပေါ်သို့ တက်သွား​၍ အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ကို ကြည့်ရှု​လော့​။


အာလမုန်ဒိဗလသိမ်​အရပ်​မှ ခရီးပြု​၍ နေဗော​တောင်​ရှေ့ အာဗရိမ်​တောင်​၌ စခန်းချ​ကြ​၏​။


သင်​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​မ​ဟုတ်​သောကြောင့် ပိသဂါ​တောင်​ထိပ်​သို့ တက်သွား​ပြီး အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​သို့ မျှော်ကြည့်​၍ ထို​ပြည်​ကို​ကြည့်​လော့​။


“​ဂျေရိခေါ​မြို့​တစ်ဖက်​၊ မောဘ​ပြည်​အာဗရိမ်​တောင်တန်း​ရှိ နေဗော​တောင်​သို့ တက်သွား​၍ အစ္စရေး​အမျိုးသား​တို့​အား ငါ​အပိုင်​ပေး​သော ခါနာန်​ပြည်​ကို ကြည့်ရှု​လော့​။


ထို့ကြောင့် သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ထဲသို့ ဝင်​ရ​မည်​မ​ဟုတ်​၊ အဝေး​မှသာ​တွေ့မြင်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​သည်​နှင့်အညီ ဤ​ပြည်​ကား ‘သင်​၏​သားစဉ်မြေးဆက်​တို့​အား ငါ​ပေး​မည်​’​ဟု ကတိထား​သော​ပြည်​ဖြစ်​၏​။ သင့်​မျက်စိ​ဖြင့်​တွေ့မြင်​ခွင့်​ကို ငါ​ပေး​သော်လည်း သင်​သည် ထို​ပြည်​သို့​ကူးသွား​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ဒန်​အမျိုးသား​တို့​သည် မိမိ​တို့​၏​နယ်နိမိတ်​ကို​ကျော်လွန်​၍ လဲရှ​မြို့​ကို ချီတက်​တိုက်ခိုက်​ကြ​၏​။ ထို​မြို့​ကို​သိမ်းပိုက်​ပြီးလျှင် မြို့သူမြို့သား​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​ပြီး ထို​မြို့​၌ အခြေချ​နေထိုင်​ကြ​၏​။ ထို့နောက် သူ​တို့​ဘိုးဘေး​၏​အမည်​ဖြစ်​သော ဒန်​ကို အစွဲပြု​၍ ထို​မြို့​ကို ဒန်​မြို့​ဟု ခေါ်ဆို​ကြ​၏​။


သို့ဖြစ်၍ ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ရှိ​ရာ ခါနာန်​ပြည်​၊ ရှိလော​မြို့​မှ​ထွက်ခွာ​၍ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​ထား​သည့်​အတိုင်း မိမိ​တို့​အပိုင်​ရရှိ​ခဲ့​သော​ဂိလဒ်​ပြည်​သို့ ပြန်​သွား​ကြ​၏​။


ထို​ကောင်းကင်​တမန်​သည် ကြီးမား​၍​မြင့်​လှ​သော​တောင်​ပေါ်သို့ ဝိညာဉ်​တော်​အားဖြင့် ငါ့​ကို​ခေါ်ဆောင်​သွား​ကာ ဘုရားသခင်​အထံ​တော်၊ ကောင်းကင်​ထက်​မှ​ဆင်းသက်လာ​သည့် သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​ကို ငါ့​အား​ပြ​လေ​၏။


ယခင်​က လဲရှ ဟု​ခေါ်​သော​မြို့​ကို ဒန်​အမျိုးသား​တို့​သည် သူ​တို့​၏​ဘိုးဘေး​ဖြစ်​သော အစ္စရေး​၏​သား ဒန်​ကို​အစွဲပြု​၍ ဒန်​မြို့​ဟု​ခေါ်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ