မောရှေနှင့်အာရုန်သည်လည်း လူအစုအဝေးထံမှ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ သွား၍ ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏ဘုန်းအသရေသည် သူတို့ရှေ့၌ ထင်ရှားလေ၏။
ထိုအခါမောရှေနှင့်အာရုန်တို့သည်လူအစု အဝေးမှထွက်ခွာ၍ တဲတော်တံခါးဝတွင်ရပ် နေကြ၏။ သူတို့သည်ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏တောက်ပသောဘုန်းအသ ရေတော်ထင်ရှားလာ၏။
မော ရှေ၊ အာ ရုန် တို့ သည် အ စည်း အ ဝေး က တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး သို့ သွား ရောက် ပျပ် ဝပ် ကြ စဥ် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား၍ မော ရှေ အား ထာ ဝ ရ ဘု ရား က၊
မောရှေနှင့်အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပျပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။
အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
ထိုအခါ မောရှေက ထာဝရဘုရားအား “ဤလူတို့ကို အကျွန်ုပ်မည်သို့ပြုရပါမည်နည်း။ သူတို့သည် အကျွန်ုပ်ကို ခဲနှင့်ပေါက်လုနီးပါပြီ”ဟု ဆိုလျက် အော်ဟစ်တောင်းလျှောက်လေ၏။
ထာဝရဘုရားသည်လည်း မိုးတိမ်တိုင်အားဖြင့် ကြွဆင်း၍ တဲတော်အဝင်ဝ၌ရပ်လျက် အာရုန်နှင့်မိရိအံကိုခေါ်သဖြင့် သူတို့နှစ်ဦးစလုံး ရှေ့တော်သို့လာကြ၏။
သို့သော် လူထုအပေါင်းတို့သည် သူတို့ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ အစ္စရေးအမျိုးသားအပေါင်းတို့ရှေ့တွင် ထင်ရှားလေ၏။
ထိုအခါ မောရှေနှင့်အာရုန်သည် အစ္စရေးအမျိုးသားလူထုအစုအဝေးအပေါင်းတို့၏ရှေ့၌ ပျပ်ဝပ်လျက်နေကြ၏။
ကောရသည် လူထုအပေါင်းတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် လူထုအပေါင်းတို့ရှေ့၌ထင်ရှား၍
ထိုအခါ မောရှေနှင့်အာရုန်သည် ပျပ်ဝပ်လျက် “လူသားအားလုံး၏အသက်ဝိညာဉ်ကို ပိုင်တော်မူသော အို ဘုရားသခင်၊ လူတစ်ယောက်၏ပြစ်မှားမှုကြောင့် လူထုအပေါင်းကို အမျက်ထွက်တော်မူမည်လော”ဟု လျှောက်ကြ၏။
မောရှေသည် ထိုစကားကိုကြားသောအခါ ပျပ်ဝပ်လျက်နေလေ၏။
ထိုသို့ လူထုပရိသတ်တို့သည်စုရုံး၍ မောရှေနှင့်အာရုန်ကိုဆန့်ကျင်စဉ် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်သို့လှည့်ကြည့်ရာ မိုးတိမ်သည် တဲတော်ကိုဖုံးလွှမ်း၍ ထာဝရဘုရား၏ဘုန်းအသရေတော်ထင်ရှားသည်ကို မြင်ကြလေ၏။
“ဤလူထုထံမှ ထွက်သွားလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူလျှင် သူတို့သည် ပျပ်ဝပ်လျက်နေကြ၏။
ထာဝရဘုရားက မောရှေအား
ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။