တောလည် 20:6 - Common Language Bible6 ထိုအခါမောရှေနှင့်အာရုန်တို့သည်လူအစု အဝေးမှထွက်ခွာ၍ တဲတော်တံခါးဝတွင်ရပ် နေကြ၏။ သူတို့သည်ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏တောက်ပသောဘုန်းအသ ရေတော်ထင်ရှားလာ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 မော ရှေ၊ အာ ရုန် တို့ သည် အ စည်း အ ဝေး က တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး သို့ သွား ရောက် ပျပ် ဝပ် ကြ စဥ် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား၍ မော ရှေ အား ထာ ဝ ရ ဘု ရား က၊ အခန်းကိုကြည့်ပါ။Judson Bible6 မောရှေနှင့်အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပျပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 မောရှေနှင့်အာရုန်သည်လည်း လူအစုအဝေးထံမှ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ သွား၍ ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏ဘုန်းအသရေသည် သူတို့ရှေ့၌ ထင်ရှားလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-