Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 16:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အာရုန်​သည် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​အား ဆင့်ဆို​စဉ် သူ​တို့​သည် တောကန္တာရ​ဘက်​သို့​လှည့်ကြည့်​သောအခါ မိုးတိမ်​ထဲ၌ ထာဝရဘုရား​၏​ဘုန်းအသရေ​တော် ထင်ရှား​နေ​သည်​ကို​မြင်​ရ​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အာ​ရုန်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား မော​ရှေ​မှာ​ကြား​သည့်​အ​တိုင်း​ဆင့်​ဆို နေ​စဉ် သူ​တို့​သည်​တော​ကန္တာ​ရ​ဘက်​သို့​မျှော် ကြည့်​လိုက်​သော​အ​ခါ မိုး​တိမ်​၌​ထာ​ဝ​ရ ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ တော်​ရုတ်​တ​ရက်​ပေါ်​လာ​သည်​ကို​ဖူး​မြင် ရ​ကြ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 အာ ရုန် ကြား ပြော သော အ ခါ ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် တော သို့ မျှော် ကြည့်၍ တိမ် တိုက်၌ ထင် ရှား သော ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ကို မြင် ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​အ​ခါ၊ သူ​တို့​သည် တော​သို့​မျှော်​ကြည့်၍၊ မိုး​တိမ်၌​ထင်​ရှား​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 16:10
12 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က မောရှေ​အား


နံနက်အချိန်​၌​လည်း ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ကို သင်​တို့​တွေ့မြင်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​အား သင်​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ထာဝရဘုရား​ကြား​တော်မူ​ပြီ​။ ငါ​တို့​ကား မည်သူ​ဖြစ်၍ ငါ​တို့​ကို ညည်းညူ​ပြ​ရ​သနည်း​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် သိနာ​တောင်​ပေါ်၌​တည်​၍ တိမ်တိုက်​သည် ခြောက်​ရက်​ပတ်လုံး တောင်​ကို​ဖုံးလွှမ်း​လေ​၏​။ သတ္တမ​နေ့​၌ ထာဝရဘုရား​သည် မောရှေ​အား တိမ်တိုက်​ထဲ​မှ ခေါ်​တော်မူ​၏​။


မောရှေ​နှင့်​အာရုန်​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​ကြ​၏​။ သူ​တို့ ပြန်​ထွက်လာ​၍ လူ​တို့​ကို​ကောင်းချီးပေး​သောအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​သည် လူ​အပေါင်း​တို့​အား ထင်ရှားပြ​တော်မူ​၏​။


ထိုအခါ မောရှေ​က “​ဤသည်ကား သင်​တို့​ထံ ထာဝရဘုရား​၏​ဘုန်းအသရေ​ထင်ရှား​တော်မူ​မည့်​အကြောင်း ထာဝရဘုရား​မိန့်မှာ​တော်မူ​သော သင်​တို့​ဆောင်ရွက်​ရ​မည့်​အရာ​ဖြစ်​၏​”​ဟု ဆို​၏​။


သို့သော် လူထု​အပေါင်း​တို့​သည် သူ​တို့​ကို ခဲ​နှင့်​ပေါက်သတ်​ရန် ပြောဆို​ကြ​၏​။ ထိုအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ အစ္စရေး​အမျိုးသား​အပေါင်း​တို့​ရှေ့​တွင် ထင်ရှား​လေ​၏​။


ကောရ​သည် လူထု​အပေါင်း​တို့​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ စုရုံး​စေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် လူထု​အပေါင်း​တို့​ရှေ့​၌​ထင်ရှား​၍


ထိုသို့ လူထုပရိသတ်​တို့​သည်​စုရုံး​၍ မောရှေ​နှင့်​အာရုန်​ကို​ဆန့်ကျင်​စဉ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဘက်​သို့​လှည့်ကြည့်​ရာ မိုးတိမ်​သည် တဲ​တော်​ကို​ဖုံးလွှမ်း​၍ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​ထင်ရှား​သည်​ကို မြင်​ကြ​လေ​၏​။


ထိုသို့ ပေတရု​လျှောက်ထား​စဉ် တောက်ပ​သော​မိုးတိမ်​သည် သူ​တို့​ကို​ဖုံးလွှမ်း​၍ မိုးတိမ်​ထဲမှ​အသံ​တော်​က “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏။ သူ့​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ