ဧဒုံဘုရင်သည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှဖြတ်သွားခွင့်မပြုသောကြောင့် အစ္စရေးလူမျိုးတို့သည် သူ့ထံမှရှောင်လွှဲသွားကြ၏။
ဧဒုံအမျိုးသားတို့ကမိမိတို့ပြည်ကိုဖြတ် သန်းခွင့်မပြုကြသောကြောင့် ဣသရေလ အမျိုးသားတို့သည်လှည့်လည်၍အခြား သောလမ်းဖြင့်ခရီးဆက်ကြလေသည်။
ပြည် နယ် ကို ဖြတ် သွား ခွင့် မ ပေး သည့် အ တွက် ဣ သ ရေ လ လွှဲ ရှောင် ရ လေ၏။
ထိုသို့ဧဒုံသည် သူ၏ပြည်အလယ်၌ လျှောက်သွားသောအခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာခဲ့စဉ်က ကိုယ်တော်သည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်ပေါ်သားတို့၏နယ်မြေကို အစ္စရေးလူမျိုးတို့အား ကျူးကျော်ခွင့်မပေး။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် သူတို့ပြည်ကို မဖျက်ဆီးဘဲ ရှောင်သွားခဲ့ပါ၏။
သို့သော် ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှ ဖြတ်သွားခွင့်မပြုသည့်အပြင် ရှိဟုန်မင်းကြီးသည် မိမိလူအားလုံးကို စုဝေးစေပြီး အစ္စရေးလူမျိုးတို့ကို ဆီးတားရန် တောကန္တာရသို့ ထွက်သွား၏။ ယာဟတ်အရပ်သို့ရောက်သောအခါ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လေ၏။
ထို့နောက် သူတို့သည် ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် ဟောရတောင်မှ ထွက်ခွာ၍ ပင်လယ်နီလမ်းအတိုင်း ခရီးပြုကြရာ လူတို့သည် လမ်းခရီး၌ စိတ်ပျက်အားလျော့ကြ၏။
‘အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ။ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲဘဲ လမ်းမအတိုင်းသွားပါမည်။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။
ထိုအခါ အစ္စရေးလူမျိုးတို့သည် ဧဒုံဘုရင်ထံ တမန်များကိုစေလွှတ်၍ “အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ”ဟု ခွင့်တောင်းသော်လည်း ဧဒုံဘုရင်သည် နားမထောင်။ မောဘဘုရင်ထံလည်း တမန်များကို စေလွှတ်၏။ သူသည်လည်း ခွင့်မပြုဘဲနေ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကာဒေရှအရပ်၌သာ နေကြရ၏။
ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။
သင်၏ဘုရား ခေမုရှ ပေးသောပြည်ကို သင်ပိုင်သည်မဟုတ်လော။ ထိုနည်းတူ ငါတို့၏ဘုရားသခင်ထာဝရဘုရားပေးသောပြည်ကို ငါတို့ပိုင်၏။