တောလည် 20:20 - မြန်မာ့စံမီသမ္မာကျမ်း20 သို့သော် ဧဒုံဘုရင်က “သင်တို့ဖြတ်မသွားရ”ဟု ဆိုလျက် သူတို့ကိုတိုက်ခိုက်ရန် အားကြီးသောစစ်သူရဲများစွာတို့ဖြင့် ထွက်လာ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ဧဒုံအမျိုးသားတို့က``ငါတို့ဖြတ်သန်းခွင့် မပြုနိုင်'' ဟုဆို၍ဣသရေလအမျိုးသား တို့ကိုတိုက်ခိုက်ရန် ဗိုလ်ပါအလုံးအရင်း နှင့်ချီတက်လာကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible20 ဧ ဒုံ ဘု ရင် သည် လက် ရုံး ရည် နှင့် အ လုံး အ ရင်း ပါ ချီ ထွက် ဆီး ဆို့၍၊ အခန်းကိုကြည့်ပါ။Judson Bible20 ဧဒုံက၊ သင်သည်လျှောက်၍မသွားရဟု ဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်းငှာထွက်လာ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အစ္စရေးလူမျိုးတို့သည် ဧဒုံဘုရင်ထံ တမန်များကိုစေလွှတ်၍ “အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ”ဟု ခွင့်တောင်းသော်လည်း ဧဒုံဘုရင်သည် နားမထောင်။ မောဘဘုရင်ထံလည်း တမန်များကို စေလွှတ်၏။ သူသည်လည်း ခွင့်မပြုဘဲနေ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကာဒေရှအရပ်၌သာ နေကြရ၏။