ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
တောလည် 20:14 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ကာဒေရှအရပ်မှစေတမန်ကို ဧဒုံဘုရင်ထံ စေလွှတ်၍ “အရှင်၏ဆွေမျိုးသားချင်းအစ္စရေးလူမျိုးတို့ လျှောက်ဆိုပါ၏။ အကျွန်ုပ်တို့တွေ့ကြုံရသောအခက်အခဲအားလုံးကို အရှင်မင်းကြီးသိပါ၏။ Common Language Bible မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။- Garrad Bible မော ရှေ သည် ကာ ဒေ ရှ မြို့ မှ သံ တ မန် များ ကို ဧ ဒုံ ဘု ရင့် ထံ စေ လွှတ်၍ ကျွန် တော် တို့ ဘိုး ဘေး တို့ သည် အိ ဂျစ် ပြည် သို့ သွား ပြီး လျှင် ထို ပြည် တွင် ကြာ မြင့် စွာ နေ ကြ ရာ ဘိုး ဘေး တို့ နှင့် တ ကွ ကျွန် တော် တို့ အား အိ ဂျစ် လူ မျိုး တို့ ညှဉ်း ပန်း ခြင်း မှ စ၍ တွေ့ ကြုံ သ မျှ သော ဒု က္ခ ကို လည်း ကောင်း၊ Judson Bible မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်တို့ကိုစေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလက၊ အကျွန်ုပ်တို့တွေ့ရသော အမှုအလုံးစုံတည်းဟူသော၊ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
အဦးဆုံးမွေးလာသောသားသည် အသားအရေနီ၍ သူ၏တစ်ကိုယ်လုံးသည် သားမွေးခြုံထည်ကဲ့သို့ဖြစ်၏။ သူ၏အမည်ကို ဧသော ဟုမှည့်ခေါ်လေ၏။
ထို့နောက်မှ သူ၏ညီသည် ဧသော၏ဖနောင့်ကို မိမိလက်ဖြင့်ဆုပ်ကိုင်လျက်မွေးလာ၏။ သို့ဖြစ်၍ သူ၏အမည်ကို ယာကုပ် ဟုမှည့်ခေါ်လေ၏။ ထိုသားတို့မွေးဖွားကြသောအခါ ဣဇက်သည် အသက်ခြောက်ဆယ်ရှိပြီဖြစ်၏။
ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
ထို့နောက် မောရှေက ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် ဖာရောမင်းကြီးနှင့်အီဂျစ်လူမျိုးတို့အပေါ် ပြုတော်မူခဲ့သမျှကိုလည်းကောင်း၊ လမ်းခရီး၌ သူတို့ကြုံတွေ့ရသောအခက်အခဲအလုံးစုံတို့ကိုလည်းကောင်း၊ သူတို့အား ထာဝရဘုရားကယ်နုတ်တော်မူခဲ့ကြောင်းကိုလည်းကောင်း မိမိယောက္ခမအား ပြောပြလေ၏။
တစ်ဖန် ထာဝရဘုရားက “ဧဒုံပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းကို သနားညှာတာစိတ်မထား၊ ဓားနှင့်လိုက်လံညှဉ်းဆဲတတ်၏။ အမျက်မပြေ၊ ဒေါသထွက်လျက် ကိုက်ဖဲ့တတ်၏။
ထာဝရဘုရားက “သင်တို့ကို ငါချစ်၏”ဟု မိန့်ဆိုလျှင် သင်တို့က “ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ချစ်သနည်း”ဟု မေးကြ၏။ ထာဝရဘုရားက “ဧသောနှင့် ယာကုပ်သည် ညီအစ်ကို ဖြစ်သည်မဟုတ်လော။ ယာကုပ်ကို ငါချစ်၏။
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ရောက်သွားပြီး အကျွန်ုပ်တို့သည် အီဂျစ်ပြည်၌ ကာလကြာမြင့်စွာနေထိုင်ကြပါ၏။ အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဆိုးညစ်သောအမှုပြုကြပါ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ကာဒေရှအရပ်မှ ခရီးပြုကြရာ ဟောရတောင်သို့ရောက်လာကြ၏။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။
အီဂျစ်ပြည်မှ သင်တို့ထွက်လာသောအခါ သင်တို့ရှေ့၌ခံနေသောပင်လယ်နီကို ထာဝရဘုရား မည်သို့ခန်းခြောက်စေတော်မူခဲ့ကြောင်း၊ ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ရှိဟုန်နှင့်ဩဃတို့ကို သင်တို့မည်သို့ချေမှုန်းခဲ့ကြောင်း ကျွန်မတို့ ကြားသိရပါပြီ။
သူတို့အား “ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား ပေးတော်မူကြောင်း၊ သင်တို့ကို ကျွန်မတို့ကြောက်ရွံ့ထိတ်လန့်လျက်ရှိကြောင်း၊ ဤပြည်သားအပေါင်းတို့သည် သင်တို့ကြောင့် စိတ်အားလျော့လျက်ရှိကြောင်း ကျွန်မသိပါ၏။
ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၌ ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း ကြားသိသောအခါ
သူတို့ကလည်း “အကျွန်ုပ်တို့သည် သခင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အကြောင်းကိုကြား၍ အလွန်ဝေးသောပြည်မှလာသော သခင်၏ကျွန်များဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ထာဝရဘုရား၏ဂုဏ်သတင်းတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်၌ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း၊