ထွက်မြောက် 18:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထို့နောက် မောရှေက ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် ဖာရောမင်းကြီးနှင့်အီဂျစ်လူမျိုးတို့အပေါ် ပြုတော်မူခဲ့သမျှကိုလည်းကောင်း၊ လမ်းခရီး၌ သူတို့ကြုံတွေ့ရသောအခက်အခဲအလုံးစုံတို့ကိုလည်းကောင်း၊ သူတို့အား ထာဝရဘုရားကယ်နုတ်တော်မူခဲ့ကြောင်းကိုလည်းကောင်း မိမိယောက္ခမအား ပြောပြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 မောရှေကထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုကယ်တင်ရန်အလို့ငှါ အီဂျစ်ဘုရင်နှင့်အီဂျစ်အမျိုးသားတို့ အပေါ်ပြုတော်မူပုံအကြောင်းအရာအားလုံး ကို ယေသရောအားပြောပြ၏။ ထို့အပြင် ဣသရေလအမျိုးသားတို့ရင်ဆိုင်ခဲ့ရ သောအခက်အခဲများနှင့်တကွ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ကိုကယ်တင်ခဲ့ကြောင်းကိုပြောပြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ဣ သ ရေ လ လူ တို့ အ တွက် ဖာ ရော မင်း နှင့် အိ ဂျစ် လူ တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သ မျှ ကို လည်း ကောင်း၊ လမ်း ခ ရီး၌ တွေ့ ကြုံ သ မျှ သော ဒု က္ခ ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ကယ် လွှတ် တော် မူ ခြင်း အ ကြောင်း ကို လည်း ကောင်း၊ ယော က္ခ မ အား မော ရှေ ကြား ပြော ရာ၊ အခန်းကိုကြည့်ပါ။Judson Bible8 ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကိုလည်းကောင်း၊ လမ်းခရီးတွင်ခံရသော ဆင်းရဲဒုက္ခအလုံးစုံကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူကြောင်းကိုလည်းကောင်း၊ မောရှေသည် ယောက္ခမအားကြားပြောလေ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။