သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
တောလည် 18:21 - မြန်မာ့စံမီသမ္မာကျမ်း တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရသောလေဝိသားမြေးတို့အား သူတို့ထမ်းဆောင်သောအမှုအတွက် အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို အမွေအဖြစ် ငါပေး၏။ Common Language Bible ထာဝရဘုရားက``ဣသရေလအမျိုးသား တို့က ငါ့အားဆက်သသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို လေဝိအနွယ်ဝင်တို့အား ငါစံတော်မူရာတဲတော်ထိန်းသိမ်းခအဖြစ် ငါပေးပြီ။- Garrad Bible လေ ဝိ အ နွယ် သား တို့ အား လည်း တွေ့ ဆုံ ရာ တဲ တော် ဝတ် ကို ပြု၍ ဆောင် ရွက် ကြ သည့် အ တွက် ဣ သ ရေ လ ပြည် ထွက် ဆယ် ဖို့ တစ် ဖို့ ကို အ မွေ အ ဖြစ် ငါ အပ် ပေး သည့် အလျောက်၊ Judson Bible လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံစရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို ငါပေးပြီ။ |
သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။
ဤသို့ဖြင့် ငါးပုံတစ်ပုံသည် ဖာရောမင်းကြီးအပိုင်ဖြစ်၏ဟု ယောသပ်စီရင်ခဲ့သောစည်းမျဉ်းဥပဒေသည် အီဂျစ်ပြည်၌ ယနေ့တိုင်အောင်တည်၏။ ယဇ်ပုရောဟိတ်တို့၏မြေကိုကား ဖာရောမင်းကြီးမပိုင်ပေ။
လူတို့သည် အလှူပစ္စည်းများ၊ ဆယ်ဖို့တစ်ဖို့များ၊ ဆက်ကပ်လှူဒါန်းသောပစ္စည်းများကို သစ္စာရှိစွာယူဆောင်လာကြ၏။ လေဝိအမျိုးသားကောနနိသည် ထိုအလှူပစ္စည်းတို့ကို ကြီးကြပ်အုပ်ချုပ်ပေးရပြီး သူ့ညီရှိမိသည် သူ၏လက်ထောက် ဖြစ်၏။
သူတို့၏ဆွေမျိုးသားချင်းခေါင်းဆောင်များနှင့်အတူ ဘုရားသခင်၏အစေအပါးမောရှေအားဖြင့်ပေးအပ်တော်မူသော ဘုရားသခင်၏ပညတ်တရားကို လိုက်နာပါမည်။ ဘုရားရှင်ထာဝရဘုရား၏ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းပါမည်။
အဦးဆုံးမုန့်ညက်၊ အလှူပစ္စည်း၊ သစ်သီးအမျိုးမျိုး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုလည်း ဘုရားသခင်၏အိမ်တော်ခန်းရှိ ယဇ်ပုရောဟိတ်ထံသို့ယူဆောင်လာပါမည်။ လေဝိအမျိုးတို့သည် မြို့ရွာတိုင်းမှာ စိုက်ပျိုးသောသီးနှံတို့၏ဆယ်ဖို့တစ်ဖို့ကို ရထိုက်သူများဖြစ်သောကြောင့် မြေထွက်သီးနှံ၏ဆယ်ဖို့တစ်ဖို့ကိုလည်း လေဝိအမျိုးတို့ထံ ယူဆောင်လာပါမည်။
လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောအခါ အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်သည် လေဝိအမျိုးတို့နှင့်အတူရှိရမည်။ လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်၏အိမ်တော် သိုလှောင်တိုက်အခန်းများထဲသို့ ယူဆောင်လာရမည်။
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။
ဇေရုဗဗေလနှင့် နေဟမိတို့ခေတ်တွင်လည်း အစ္စရေးလူအပေါင်းတို့သည် သီချင်းသည်များနှင့် တံခါးစောင့်များအတွက် နေ့စဉ်လိုအပ်သည်များကို ပေးလှူကြ၏။ လေဝိအမျိုးတို့အတွက်လည်း သီးသန့်ပေးလှူကြ၏။ လေဝိအမျိုးတို့သည်လည်း အာရုန်သားမြေးတို့အတွက် သီးသန့်ပေးလှူကြ၏။
ထိုအခါ ယုဒလူအပေါင်းတို့သည် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သိုလှောင်ခန်းသို့ယူဆောင်လာကြ၏။
သူ့အား အခန်းကြီးတစ်ခန်းကို ပေးထား၏။ ထိုအခန်းသည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ အသုံးအဆောင်ပစ္စည်းများနှင့်တကွ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များကို ပညတ်တော်အတိုင်းပေးရသော ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့နှင့် ယဇ်ပုရောဟိတ်တို့အတွက် အလှူပစ္စည်းတို့ကို သိုထားသောအခန်းဖြစ်၏။
ထိုအခါ လေဝိအမျိုးနှင့်ဖွဲ့ခဲ့သောပဋိညာဉ် တည်စေရန် ဤပညတ်ချက်တို့ကို သင်တို့အား ငါပေးခဲ့ကြောင်းကို သင်တို့ သိရကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
ငါသည် သင်တို့၏အမျိုးသားချင်းလေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့ထဲမှ ရွေးယူပြီ။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကိုဆောင်ရွက်ရန် သင်တို့အတွက်လက်ဆောင်အဖြစ် ထာဝရဘုရားထံ ဆက်ကပ်ထားခြင်းခံရသူများဖြစ်၏။
“လေဝိအမျိုးအနွယ်တို့ကို ခေါ်လာ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်စေလော့။
စစ်ထွက်တိုက်သောစစ်သည်တို့ထံမှ လူ၊ နွား၊ မြည်း၊ သိုး စသည်တို့ကို အယောက်ငါးရာလျှင် တစ်ယောက်ကျ၊ အကောင်ငါးရာလျှင် တစ်ကောင်ကျ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာအဖြစ် ဖယ်ထားရမည်။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
အစားအစာဝေစုကို ညီတူမျှတူရပိုင်ခွင့်ရှိသည့်အပြင် ဘိုးဘေးတို့ပိုင်သောဥစ္စာကိုရောင်း၍ရသောငွေကိုလည်း ရပိုင်ခွင့်ရှိ၏။
လေဝိအမျိုးသားတို့ထဲမှ ယဇ်ပုရောဟိတ်ဖြစ်လာသောသူတို့သည် ပညတ်တရားအရ လူတို့ထံမှ ဆယ်ဖို့တစ်ဖို့ကောက်ခံရမည်ဟူသောပညတ်ချက်ကို ရရှိထားကြ၏။ ထိုလူတို့မှာ အာဗြဟံမှဆင်းသက်လာသည့် မိမိတို့ညီအစ်ကိုများပင်ဖြစ်ကြ၏။