ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။
တောလည် 18:13 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားထံ ယူဆောင်လာသော သူတို့ပြည်ထွက်အဦးဆုံးသီးနှံအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။ Common Language Bible ထိုအစားအစာများသည်သင်နှင့်ဆိုင်၏။ သင့်အိမ်ထောင်၌ဘာသာရေးထုံးနည်းအရ သန့်စင်သူတိုင်းထိုအစားအစာကိုစား နိုင်သည်။ Garrad Bible တစ် ပြည် လုံး တွင် ငါ ထာ ဝ ရ ဘု ရား ထံ ဆက် သွင်း သော အ ဦး မှည့် အ သီး အ နှံ များ သည် သင့် ပိုင် ရာ ဖြစ် သ ဖြင့် အိမ် ထောင်၌ သန့် သူ တိုင်း စား ခွင့် ရှိ ၏။ Judson Bible ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦးမှည့်သောသစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ |
ထို့နောက် ဗာလရှလိရှမြို့မှလူတစ်ဦးသည် မုယောအသီးဦးဖြင့်လုပ်ထားသောမုယောမုန့်အလုံးနှစ်ဆယ်နှင့် အသီးအနှံတို့ကို အိတ်ထဲထည့်၍ ဘုရားသခင်၏လူထံ ယူဆောင်လာ၏။ ဧလိရှဲကလည်း “လူတို့စားဖို့ ပေးလော့”ဟု ဆို၏။
ထိုအမိန့်တော်ကို နေရာအနှံ့ထုတ်ပြန်သည်နှင့် အစ္စရေးအမျိုးသားတို့သည် သီးဦးသီးဖျားကောက်ပဲသီးနှံများ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ ပျားရည်နှင့် လယ်ယာထွက်သီးနှံအားလုံးတို့ကို အမြောက်အမြားယူဆောင်လာပေးကြ၏။ ဥစ္စာရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကိုလည်း အမြောက်အမြား ယူဆောင်လာကြ၏။
အသီးဦး၊ စပျစ်ရည်ဦးတို့ကို မယူထားဘဲ ငါ့အား ဆက်ကပ်ရမည်။ သင်တို့၏သားဦးများကိုလည်း ဆက်ကပ်ရမည်။
သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
သင့်မြေမှထွက်သော အဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့် မပြုတ်ရ”ဟု မိန့်တော်မူ၏။
ခြင်းတောင်းတစ်တောင်းထဲတွင် အဦးဆုံးမှည့်သောအသီးကဲ့သို့ အလွန်ကောင်းသောသဖန်းသီးများရှိ၏။ ကျန်ခြင်းတောင်းတစ်တောင်းထဲတွင် မကောင်းသောသဖန်းသီးရှိ၏။ စား၍မရအောင် ပုပ်နေ၏။
အကောင်းဆုံးအသီးဦးအမျိုးမျိုးနှင့် အလှူပစ္စည်းအမျိုးမျိုးတို့ကို ယဇ်ပုရောဟိတ်တို့ ပိုင်ရမည်။ သင့်အိမ်သားတို့ ကောင်းချီးမင်္ဂလာခံစားရမည့်အကြောင်း သင်၏အဦးဆုံးမုန့်ညက်ကို ယဇ်ပုရောဟိတ်တို့အား ပေးလှူရမည်။
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
နေဝင်ပြီးမှ သူသည် စင်ကြယ်လိမ့်မည်။ ထို့နောက်မှ သန့်ရှင်းသောပူဇော်သက္ကာကို သူသည် စားခွင့်ရှိမည်။ အကြောင်းမူကား ထိုပူဇော်သက္ကာသည် သူ၏အစားအစာဖြစ်၏။
သင်တို့နေအိမ်မှ မုန့်နှစ်လုံးကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ ထိုမုန့်တို့သည် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို တဆေးဖြင့်ဖုတ်ထားသောမုန့်ဖြစ်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ အဦးဆုံးသီးနှံအလှူဖြစ်၏။
ငါ၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ငါသည် နွေရာသီသီးနှံရိတ်သိမ်းသူများ၊ စပျစ်ခြံ၌ အသီးကျန်လိုက်ခူးသူများနှင့်တူလေပြီ။ စားစရာစပျစ်သီးခိုင် တစ်ခိုင်မျှမရှိ၊ အဦးဆုံးမှည့်သောအသီးကို စားလိုစိတ်ရှိသော်လည်း တစ်လုံးမျှမရှိ။
သင်၏အဦးဆုံးထွက်သောကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ အဦးဆုံးညှပ်သောသိုးမွေး တို့ကို ယဇ်ပုရောဟိတ်အားပေးရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်မှထွက်ရှိသည့် မြေအသီးအနှံအားလုံး၏အသီးဦးအချို့ကိုယူ၍ တောင်းထဲထည့်ပြီးလျှင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။