အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဤအရပ်ကို ဖျက်ဆီးတော့မည်။ အကြောင်းမူကား သူတို့၏အော်ဟစ်ငိုကြွေးသံသည် ထာဝရဘုရားရှေ့တော်တွင် ကျယ်လောင်လှသဖြင့် ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးရန် ငါတို့ကိုစေလွှတ်တော်မူပြီ”ဟု ဆိုကြ၏။
တောလည် 16:21 - မြန်မာ့စံမီသမ္မာကျမ်း “ဤလူထုအပေါင်းတို့နှင့် ခွဲနေလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးမည်”ဟု မိန့်တော်မူ၏။ Common Language Bible ဤသူတို့အနီးအပါးမှခွာ၍နေလော့။ ငါသည်သူတို့ကိုယခုချက်ချင်းဖျက် ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible မော ရှေ၊ အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား က ငါ သည် ဤ ပ ရိ သတ် ကို ရုတ် ခြင်း ကျွမ်း လောင် စေ မည်။ ချင်း တို့ နှင့် ခွဲ ကြ လော့ ဟု မိန့် တော် မူ လျှင်၊ |
အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဤအရပ်ကို ဖျက်ဆီးတော့မည်။ အကြောင်းမူကား သူတို့၏အော်ဟစ်ငိုကြွေးသံသည် ထာဝရဘုရားရှေ့တော်တွင် ကျယ်လောင်လှသဖြင့် ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးရန် ငါတို့ကိုစေလွှတ်တော်မူပြီ”ဟု ဆိုကြ၏။
လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
သူတို့သည် ချက်ချင်းပင် ကြီးစွာသောပျက်စီးခြင်းသို့ရောက်၍ ထိတ်လန့်ဖွယ်ရာများဖြင့် အကုန်အစင် ဖယ်ရှားခြင်းခံကြရပါသည်တကား။
သို့ဖြစ်၍ ငါ့ကိုမတားနှင့်။ ငါသည် သူတို့ကို အမျက်ထွက်၍ ဖျက်ဆီးပစ်မည်။ သင့်ကိုကား လူမျိုးကြီးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။
အကြောင်းမူကား ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ကို ဤသို့ဆင့်ဆိုလော့။ ‘သင်တို့သည် ခေါင်းမာသောလူမျိုးဖြစ်၏။ ငါသည် သင်တို့နှင့်အတူ တစ်ခဏမျှသွားလျှင်ပင် သင်တို့ကို ငါဖျက်ဆီးမိမည်။ ယခု သင်တို့၏ကိုယ်ပေါ်မှ အဆင်တန်ဆာကိုချွတ်လော့။ သို့မှ သင်တို့၌ငါမည်သို့ပြုရမည်ကို ငါသိမည်’ ”ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
သူတို့၏မြားကျည်တောက်သည် ပွင့်နေသောသင်္ချိုင်းဂူကဲ့သို့ဖြစ်၏။ သူတို့အားလုံးသည် ခွန်အားကြီးသောသူများဖြစ်ကြ၏။
ငါသည် သူတို့ကို ကပ်ရောဂါဘေးဖြင့် ဒဏ်ခတ်၍ ဖျက်ဆီးမည်။ သင့်ကိုကား သူတို့ထက် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ဤလူမျိုးကို တစ်ပြိုင်တည်း ကွပ်မျက်တော်မူလျှင် ကိုယ်တော်၏သတင်းကိုကြားထားသောလူမျိုးတို့က
“ဤလူထုထံမှ ထွက်သွားလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူလျှင် သူတို့သည် ပျပ်ဝပ်လျက်နေကြ၏။
ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
ထို့နောက် ကောင်းကင်မှအခြားသောအသံက “ငါ့လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များ၌ မပါဝင်စေရန်လည်းကောင်း၊ သူခံရမည့်ဘေးဒဏ်တစ်စုံတစ်ခုကိုမျှ မခံရစေရန်လည်းကောင်း သူ့ထံမှ ထွက်လာခဲ့ကြလော့။