တောလည် 16:21 - Common Language Bible21 ဤသူတို့အနီးအပါးမှခွာ၍နေလော့။ ငါသည်သူတို့ကိုယခုချက်ချင်းဖျက် ဆီးပစ်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 မော ရှေ၊ အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား က ငါ သည် ဤ ပ ရိ သတ် ကို ရုတ် ခြင်း ကျွမ်း လောင် စေ မည်။ ချင်း တို့ နှင့် ခွဲ ကြ လော့ ဟု မိန့် တော် မူ လျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 “ဤလူထုအပေါင်းတို့နှင့် ခွဲနေလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား``သင်တို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။ သင်တို့ နှင့်အတူခဏမျှဖြစ်စေငါသည်ခရီး သွားရလျှင်၊ သင်တို့အားတစ်ယောက်မျှ မကျန်သေကျေပျက်စီးစေမည်။ ယခု ပင်လျှင်သင်တို့၏လက်ဝတ်တန်ဆာများ ကိုချွတ်လော့။ ထိုနောက်မှငါသည်သင်တို့ အားအဘယ်သို့စီရင်ရမည်ကိုဆုံးဖြတ် မည်'' ဟုမိန့်တော်မူ၏။-