သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံကိုလည်းကောင်း မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။
စပျစ်ရည်သုံးပိုင့်ကိုလည်းဆက်သရမည်။ ဤသကာတို့၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
သွန်း လောင်း ရာ သ က္ကာ အ ဖြစ် စ ပျစ် ရည် တစ် ပိဿာ့ ငါး ဆယ် ကို လည်း ကောင်း၊ စိတ် တော် ပြေ ဖွယ် ရ နံ့ ဖြစ် စေ ရန်၊
ဘောဇဉ်ပူဇော်သကာဖို့ ဆီလေးလောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာပူဇော်သကာဖို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။
သိုးသငယ်တစ်ကောင်ကို ညှစ်ယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံနှင့်လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံနှင့်လည်းကောင်း ပူဇော်ရမည်။
သိုးထီးတစ်ကောင်အတွက် ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံနှင့်ရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကိုလည်းကောင်း၊
ကတိသစ္စာဝတ်ဖြေရန်အတွက်ဖြစ်စေ၊ မိတ်သဟာယယဇ်အတွက်ဖြစ်စေ နွားသငယ်ကို မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာအဖြစ် ထာဝရဘုရားအားပူဇော်လျှင်
“အစ္စရေးအမျိုးသားတို့ကို မိန့်မှာလော့။ ‘ငါ့အဖို့ ပူဇော်သက္ကာ၊ ငါ့အဖို့မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာကို သတ်မှတ်ထားသောအချိန်၌ ပူဇော်ရန် သတိပြုရမည်’ဟု သူတို့အား ဆင့်ဆိုလော့။
သွန်းလောင်းရာပူဇော်သက္ကာအတွက် သိုးသငယ်တစ်ကောင်နှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာန၌ သွန်းလောင်းရမည်။
အကောင်းဆုံးဂျုံမှုန့်ကို ဆီဖြင့်ရော၍လုပ်ထားသည့် တဆေးမဲ့မုန့်လုံးနှင့် ဆီလူးထားသည့်တဆေးမဲ့မုန့်ကြွပ် တစ်တောင်းကို ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့နှင့်အတူ ထာဝရဘုရားထံ ယူဆောင်လာရမည်။
စပျစ်ပင်ကလည်း ‘ဘုရားနှင့် လူတို့ကိုဝမ်းမြောက်စေသော ငါ၏စပျစ်ဝိုင်အသစ်ကို မထုတ်ပေးတော့ဘဲ သစ်ပင်တို့အား သွား၍အုပ်စိုးရမည်လော’ဟု ဆို၏။