တောလည် 28:2 - မြန်မာ့စံမီသမ္မာကျမ်း2 “အစ္စရေးအမျိုးသားတို့ကို မိန့်မှာလော့။ ‘ငါ့အဖို့ ပူဇော်သက္ကာ၊ ငါ့အဖို့မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာကို သတ်မှတ်ထားသောအချိန်၌ ပူဇော်ရန် သတိပြုရမည်’ဟု သူတို့အား ဆင့်ဆိုလော့။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
ထို့နောက် ယောယဒသည် ဒါဝိဒ်မင်းကြီးကိုယ်တိုင် ခွဲခန့်ထားခဲ့သည့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား ထာဝရဘုရား၏အိမ်တော်ကို တာဝန်ယူကြီးကြပ်ရန် ခန့်ထား၏။ သူတို့သည် မောရှေ၏ပညတ်တရားကျမ်းတွင်ရေးထားသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ရပြီး ဒါဝိဒ်မင်းကြီးမိန့်မှာထားခဲ့သည့်အတိုင်း ဝမ်းမြောက်စွာချီးမွမ်းသီချင်း သီဆိုရသောသူများဖြစ်ကြ၏။
ပညတ်တရားတွင် ရေးထားသည့်အတိုင်း နှစ်စဉ်သတ်မှတ်ထားသောအချိန်များ၌ ငါတို့ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သက္ကာကိုမီးရှို့ဖို့ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးနှင့် ပြည်သူပြည်သားတို့က ငါတို့ဘိုးဘေးတို့၏မိသားစုအလိုက် ဘုရားသခင်၏အိမ်တော်သို့ယူဆောင်လာရမည့်ထင်းကို ငါတို့မဲချဆုံးဖြတ်ကြ၏။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။