ထိုငွေတို့ဖြင့် နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ချက်ချင်းဝယ်၍ ဂျေရုဆလင်မြို့ရှိ သင်တို့၏ဘုရားသခင်အိမ်တော်ယဇ်ပလ္လင်ပေါ်တွင် ပူဇော်လော့။
တောလည် 15:4 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားအား ပူဇော်သက္ကာကိုပူဇော်လိုသောသူသည် ဆီတစ်ဟိန်၏လေးပုံတစ်ပုံရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ Common Language Bible ထာဝရဘုရားအားသိုးသို့မဟုတ်ဆိတ်ကို မီးရှို့ရာယဇ်အဖြစ်ပူဇော်သောသူသည် ယဇ် ကောင်နှင့်အတူဘောဇဉ်သကာအဖြစ် သံလွင် ဆီနှစ်ပိုင့်နှင့်ရောထားသောမုန့်ညက်နှစ်ပေါင် အပြင် စပျစ်ရည်နှစ်ပိုင့်ကိုလည်းယူဆောင် ခဲ့ရမည်။- Garrad Bible မီး ရှို့ ရာ သ က္ကာ ဖြစ် စေ၊ မိတ် သ ဟာ ယ သ က္ကာ ဖြစ် စေ၊ ဆက် ကပ် သော သိုး ဆိတ် သား ငယ် တစ် ကောင် စီ နှင့် တ ကွ ဘော ဇဉ် သ က္ကာ အ ဖြစ် ဆီ တစ် ပိဿာ ရော သော မုန့် ညက် တစ် စ ရွတ် ကို လည်း ကောင်း၊ သွန်း လောင်း ရာ သ က္ကာ အ ဖြစ် စ ပျစ် ရည် တစ် ပိဿာ ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ထံ တင် သွင်း လှူ ဒါန်း စေ။ Judson Bible ထာဝရဘုရားအား ပူဇော်သကာကိုပြုသောသူသည်၊ သိုးသငယ်ကိုပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊ |
ထိုငွေတို့ဖြင့် နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ချက်ချင်းဝယ်၍ ဂျေရုဆလင်မြို့ရှိ သင်တို့၏ဘုရားသခင်အိမ်တော်ယဇ်ပလ္လင်ပေါ်တွင် ပူဇော်လော့။
သိုးသငယ်တစ်ကောင်ကို ညှစ်ယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံနှင့်လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံနှင့်လည်းကောင်း ပူဇော်ရမည်။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏အိမ်တော်သို့ စင်ကြယ်သောတန်ဆာပလာဖြင့် ပူဇော်သက္ကာကို ယူဆောင်ခဲ့ကြသကဲ့သို့ ထိုသူတို့သည် ခပ်သိမ်းသောပြည်မှ သင်တို့၏ညီအစ်ကိုရှိသမျှတို့ကို ထာဝရဘုရားထံ ပူဇော်သက္ကာအဖြစ် မြင်းများ၊ စစ်ရထားများ၊ ထမ်းစင်များ၊ လားများ၊ ကုလားအုတ်များပေါ်တွင်တင်၍ ငါ၏သန့်ရှင်းသောတောင်၊ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ခြောက်ပုံတစ်ပုံနှင့် အကောင်းဆုံးဂျုံမှုန့်နှင့်နယ်ရန် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံကို နံနက်တိုင်း စီစဉ်ပေးရမည်။ ဤသည်မှာ ထာဝရဘုရားထံ ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်သောအခါ အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံနှင့် ဆီတစ်လောဃကို ယူဆောင်လာရမည်။
တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
၎င်းပေါ်တွင် ဆီထည့်၍ လော်ဗန်ကို တင်ထားရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာ ဖြစ်၏။
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံဖြစ်ရမည်။
ဘောဇဉ်ပူဇော်သက္ကာနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အာရုန်၏သားတို့သည် ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားရှေ့တော်၊ ယဇ်ပလ္လင်ရှေ့၌ ပူဇော်ရမည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
နွားတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ၊
သိုးသငယ်တစ်ကောင်ကို နံနက်အချိန်တွင် ပူဇော်၍ နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်တွင် ပူဇော်ရမည်။
လဆန်းတစ်ရက်နေ့၌ပူဇော်သော မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ထိုယဇ်တို့အတွက် သွန်းလောင်းရာပူဇော်သက္ကာများအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။
သူ၏ပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
ကောင်းသောအမှုကိုပြုခြင်းနှင့် ဝေမျှခြင်းတို့ကိုလည်း မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူ၏။
သို့သော် သံလွင်ပင်က ‘ဘုရားနှင့် လူတို့ကို ဂုဏ်ပြုချီးမွမ်းရာတွင် သုံးကြသော ငါ့အဆီကို မထုတ်ပေးတော့ဘဲ သစ်ပင်တို့ကို သွား၍အုပ်စိုးရမည်လော’ဟု ပြန်ပြော၏။