သူကြီး 9:9 - မြန်မာ့စံမီသမ္မာကျမ်း9 သို့သော် သံလွင်ပင်က ‘ဘုရားနှင့် လူတို့ကို ဂုဏ်ပြုချီးမွမ်းရာတွင် သုံးကြသော ငါ့အဆီကို မထုတ်ပေးတော့ဘဲ သစ်ပင်တို့ကို သွား၍အုပ်စိုးရမည်လော’ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။Common Language Bible9 သံလွင်ပင်က`သင်တို့အားအုပ်စိုးရမည်ဆို လျှင် ငါသည်ဘုရားသခင်၏ဂုဏ်အသရေ နှင့်လူတို့၏ဂုဏ်အသရေကိုပြုစုပေးရာ ဖြစ်သော ငါ၏အဆီကိုထုတ်ပေးမှုမှ ရပ်စဲရပေလိမ့်မည်' ဟုပြန်ပြောလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible9 သံ လွင် ပင် က၊ ဘု ရား သ ခင်၌လည်း ကောင်း၊ လူ၌ လည်း ကောင်း၊ ဂုဏ် ရ စေ သော ငါ့ အ ဆီ အ နှစ် ကို စွန့် ပယ် လျက် သစ် ပင် တ ကာ တို့ အ ထက်၌ လှုပ် ရှား ရန် သွား သင့် ပါ သ လော ဟု ပြန် ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible9 သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။