ဂျူးလူမျိုးတို့ကိုယ်တိုင်မှစ၍ သားစဉ်မြေးဆက်အပါအဝင် သူတို့နှင့်ပူးပေါင်းလာသူအပေါင်းတို့သည် ထိုစာပါသတ်မှတ်ထားသောအချိန်ရောက်တိုင်း ထိုနေ့ရက်နှစ်ရက်တွင် ပွဲတော်ကို မပျက်မကွက် နှစ်စဉ်ကျင်းပကြမည်ဟု အတည်ပြုသဘောတူခဲ့ကြ၏။
တောလည် 15:15 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။ Common Language Bible သင်တို့တွင်တည်းခိုနေထိုင်သောလူမျိုးခြား တို့သည် ဤပြဋ္ဌာန်းချက်များကိုနောင်အစဉ် အဆက်စောင့်ထိန်းရကြမည်။ သင်တို့နှင့်လူ မျိုးခြားတို့သည် ထာဝရဘုရား၏ရှေ့ တော်တွင်ညီတူညီမျှဖြစ်ကြသဖြင့်၊- Garrad Bible အ စည်း အ ဝေး ကို ထောက် လျက် သင် တို့၌ လည်း ကောင်း၊ ဝင် နေ သူ တို့၌ လည်း ကောင်း၊ သင် တို့ အ မျိုး အ စဉ် အ ဆက် အ မြဲ ထုံး ဖွဲ့ ချက် တစ် ပါး တည်း သာ ရှိ ရာ၏။ ဝင် နေ သူ တို့ လည်း ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် သင် တို့ နည်း တူ ဖြစ် ကြ သ တည်း။ Judson Bible ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော တစ်ပါးတည်းသောထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည်ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။ |
ဂျူးလူမျိုးတို့ကိုယ်တိုင်မှစ၍ သားစဉ်မြေးဆက်အပါအဝင် သူတို့နှင့်ပူးပေါင်းလာသူအပေါင်းတို့သည် ထိုစာပါသတ်မှတ်ထားသောအချိန်ရောက်တိုင်း ထိုနေ့ရက်နှစ်ရက်တွင် ပွဲတော်ကို မပျက်မကွက် နှစ်စဉ်ကျင်းပကြမည်ဟု အတည်ပြုသဘောတူခဲ့ကြ၏။
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
သို့ဖြစ်၍ ဤအစဉ်အလာကို ပြဋ္ဌာန်းချက်အဖြစ် သင်နှင့်သင့်သားမြေးများသည် အစဉ်အမြဲစောင့်ထိန်းရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။
အမျိုးသားချင်းအတွက်ဖြစ်စေ၊ သင်တို့ထဲတွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသားအတွက်ဖြစ်စေ ပညတ်တရားတစ်ပါးတည်းဖြစ်ရမည်”ဟု မိန့်တော်မူ၏။
အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ သင်တို့၌ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးခရာတို့ကို မှုတ်ကြရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
သင်တို့တွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသား၊ သို့မဟုတ် သင်တို့၏မျိုးဆက်ထဲမှ တစ်ယောက်ယောက်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်လိုလျှင် သင်တို့ပြုသည့်အတိုင်း သူပြုရမည်။
မရည်ရွယ်ဘဲအပြစ်ပြုမိသောသူနှင့်ပတ်သက်၍ အစ္စရေးအမျိုးသားတို့တွင် အမျိုးသားချင်းအတွက်ဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သော တစ်ပါးအမျိုးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း ဖြစ်ရမည်။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “ငါ့အား ပေးလှူသောအလှူပစ္စည်းတို့ကို သင့်အား ငါပေးပြီ။ အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာရှိသမျှတို့ကို သင့်ဝေစုအဖြစ်လည်းကောင်း၊ သင်၏သားမြေးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ်လည်းကောင်း ငါပေးပြီ။
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။
သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။
ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။
အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။
ထိုနေ့မှစ၍ ယနေ့ချိန်ထိ ဒါဝိဒ်သည် အစ္စရေးလူမျိုးတို့တွင် ထိုသို့ စည်းမျဉ်းဥပဒေ ချမှတ်လေ၏။