Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကော​လော​သဲ 3:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို သို့ ပြု ပြင် ရာ၌ လူ မျိုး ခြား နှင့် ယု ဒ လူ မျိုး အ ဖြစ် အ နေ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ၊ မ ခံ အ ဖြစ် အ နေ၊ သ ကု သိ လူ မျိုး မှ စ၍ လူ ရိုင်း အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ မ ရှိ ရာ။ ခ ရစ် တော် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကော​လော​သဲ 3:11
54 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် ငါ​တို့​အပေါ်​၌ ကြီးမား​လှ​ပေ​၏​။ ထာဝရဘုရား​၏​သစ္စာ​တော်​သည်​လည်း အစဉ်အမြဲ​တည်​၏​။ ဟာလေလုယ​။


ကိုယ်တော်​က “​ယာကုပ်​အမျိုး​ကို ပြန်လည်ထူထောင်​ရန်​၊ အသက်ရှင်​ကျန်ရစ်​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်ခေါ်ဆောင်​လာ​ရန် သင့်​ကို ငါ့​အစေအပါး​ဖြစ်စေ​ခြင်း​သည် အသေးအဖွဲ​မျှသာ​ဖြစ်​သေး​၏​။ မြေကြီး​စွန်း​တိုင်အောင် ငါ​၏​ကယ်တင်​ခြင်း​ရောက်ရှိ​စေရန် ငါ​သည် သင့်​ကို​လူမျိုးတကာ​တို့​အဖို့ အလင်း​ဖြစ်စေ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် လူမျိုး​တကာ​တို့​၏​မျက်မှောက်​၌ မိမိ​၏​သန့်ရှင်း​သော​လက်ရုံး​တော်​ကို​ပြ​တော်မူ​သဖြင့် မြေကြီး​စွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို တွေ့မြင်​ရ​ကြ​လိမ့်မည်​။


အို ထာဝရဘုရား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​၏​ရဲတိုက်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။ မြေကြီး​စွန်း​မှ လူမျိုးခြား​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့ ပိုင်ဆိုင်​သော​အရာ​သည် မုသား​သာ​ဖြစ်​၏​။ အချည်းနှီး​၊ အကျိုး​မ​ရှိ​သော​အရာ​သာ​ဖြစ်​၏​”​ဟု လျှောက်​ကြ​ပါ​လိမ့်မည်​။


ထို​မြေ​ကို အမွေမြေ​အဖြစ် သင်​တို့​ခွဲဝေယူ​ရ​မည်​။ သင်​တို့​နှင့်အတူ​နေထိုင်ရင်း သားသမီး​ရလာ​ကြ​သော တိုင်းတစ်ပါးသား​တို့​ကို​လည်း ခွဲဝေ​ပေး​ရ​မည်​။ သူ​တို့​ကို အစ္စရေး​အမျိုးအနွယ်​တို့​၏​အမျိုးသားချင်း​ကဲ့သို့ သဘောထား​ရ​မည်​။ အစ္စရေး​အမျိုးအနွယ်​တို့​နှင့်အတူ အမွေမြေ​ခွဲဝေ​ပေး​ရ​မည်​။


သူ့​ကို မြေ​ပေါ်တွင် ကြဲ​မည်​။ ကရုဏာ​မ​ခံစား​ရ​သူ​ကို ကရုဏာ​ပြ​မည်​။ ငါ့​လူ​မ​ဟုတ်​သော​သူ​ကို ‘သင်​သည် ငါ့​လူ​ဖြစ်​သည်’​ဟု ပြော​မည်​။ သူ​က​လည်း ‘ကိုယ်တော်​သည် အကျွန်ုပ်​၏​သခင် ဖြစ်​သည်’​ဟူ၍ ဆို​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ဤသို့ဖြင့် သူ​တို့​သည် ကြွင်းကျန်​သည့်​ဧဒုံ​ပြည်​နှင့် ငါ့​နာမ​ဖြင့် ခေါ်ဝေါ်သမုတ်​သော​တိုင်းနိုင်ငံ​အပေါင်း​တို့​ကို ပိုင်ဆိုင်​ရ​လိမ့်မည်”​ဟု ဤ​အမှု​ကို စီရင်​တော်မူ​သည့်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


လူမျိုး​များစွာ​တို့​သည် လာ​၍ “​လာ​ကြ​လော့​။ ယာကုပ်​၏​ဘုရားသခင်​အိမ်​တော်​ရှိ​ရာ ထာဝရဘုရား​၏​တောင်​တော်​သို့​တက်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် မိမိ​လမ်း​တော်​တို့​ကို ငါ​တို့​အား သွန်သင်​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ အကြောင်းမူကား တရားတော်​သည် ဇိအုန်​တောင်​မှ​လည်းကောင်း​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ထွက်ပေါ်​လာ​လိမ့်မည်​။


ထို​နေ့ရက်​တွင် လူမျိုး​များစွာ​တို့​သည် ထာဝရဘုရား​ထံ​လာရောက်​ပူးပေါင်း​၍ ငါ​၏​လူမျိုး​တော် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သင့်​အလယ်​၌ ကိန်းဝပ်​မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သင့်​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။


“အကယ်စင်စစ် နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် လူမျိုးတကာ​တို့​တွင် ငါ့​နာမ​သည် ဘုန်းကြီး​လိမ့်မည်​။ ငါ့​နာမ​သည် လူမျိုးတကာ​တို့​တွင် ဘုန်းကြီး​သောကြောင့်​ငါ့​နာမ​အဖို့ အရပ်ရပ်​မှ နံ့သာပေါင်း​များ​၊ သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ယေရှု​က​လည်း“မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။


ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။


အကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်တော်​သည် အကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤသည်ကား သူ​တို့​ကို တစ်လုံးတစ်ဝတည်း​၌​ပြီးပြည့်စုံ​စေရန်​ဖြစ်​ပြီး ကိုယ်တော်​သည် အကျွန်ုပ်​ကို​စေလွှတ်​တော်မူ​ကြောင်း​နှင့် အကျွန်ုပ်​ကို ကိုယ်တော်​ချစ်​သကဲ့သို့ သူ​တို့​ကို​လည်း ချစ်​တော်မူ​ကြောင်း​ကို လောကီသား​တို့​သိ​ကြ​စေရန်​ဖြစ်​ပါ​၏။


ဤသည်ကား ကြွင်းကျန်​သော​လူ​တို့​နှင့် ငါ​၏​နာမ​ဖြင့် ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သော လူမျိုးခြား​အပေါင်း​တို့​သည် ထာဝရ​ဘုရား​ကို ရှာဖွေ​ကြ​မည့်​အကြောင်း​တည်း​ဟု


ကျွန်းသား​တို့​သည် ငါ​တို့​အား ထူးခြား​သော​ချစ်ခင်​ကြင်နာ​မှု​ကို​ပြသ​ကြ​၏။ မိုး​ရွာ​၍​ချမ်းအေး​သောကြောင့် သူ​တို့​သည် မီး​ဖို​လျက် ငါ​တို့​အားလုံး​ကို လက်ခံ​ကြိုဆို​ကြ​၏။


ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


ငါ​သည် ဂရိ​လူမျိုး​နှင့်​လူရိုင်း​တို့​အပေါ်၌​ဖြစ်စေ၊ ပညာရှိ​နှင့်​ပညာမဲ့​တို့​အပေါ်၌​ဖြစ်စေ အကြွေး​တင်​သူ​ဖြစ်​၏။


ဤတွင် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​တို့​ကြား​၌ ခြားနား​မှု​မ​ရှိ။ အကြောင်းမူကား တစ်ပါးတည်း​သော​အရှင်​သည် လူ​အပေါင်း​တို့​၏​အရှင်​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​အား ကြွယ်ဝ​စေ​တော်မူ​၏။


၎င်း​မှာ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ယုံကြည်​သူ​အပေါင်း​တို့​အပေါ်​သက်ရောက်​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်သည့်​ခြားနား​မှု​မျှ​မ​ရှိ။


သို့မဟုတ် ဘုရားသခင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရား​သာ ဖြစ်​တော်မူ​သလော။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​၏။


အကြောင်းမူကား ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ ငါ​တို့​ရှိသမျှ​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ ဗတ္တိဇံ​ခံ​ကြ​ပြီး အားလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​ကို သောက်​ရ​ကြ​၏။


ထို့ကြောင့် ဘာသာ​စကား​၏​အနက်​အဓိပ္ပာယ်​ကို ငါ​နား​မ​လည်​လျှင် ထို​စကား​ကို​ပြောဆို​နေ​သူ​အတွက် ငါ​သည် တိုင်းတစ်ပါးသား​ဖြစ်​သကဲ့သို့ ပြောဆို​နေ​သော​ထို​သူ​သည်​လည်း ငါ့​အတွက် တိုင်းတစ်ပါးသား​ဖြစ်​လိမ့်မည်။


အရေဖျား​လှီး​ခြင်း​သည် ပဓာန​မ​ဟုတ်။ အရေဖျား​မ​လှီး​ခြင်း​သည်​လည်း ပဓာန​မ​ဟုတ်။ ဘုရားသခင်​၏​ပညတ်​တော်​ကို စောင့်ထိန်း​ခြင်း​သာ ပဓာန​ဖြစ်​၏။


သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။


ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။


ထို​အသင်းတော်​သည် အလုံးစုံ​တို့​ကို အလုံးစုံ​တို့​၌ ပြည့်စုံ​စေ​တော်မူ​သော​အရှင်​၏​ပြည့်စုံ​ခြင်း​တည်းဟူသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ဖြစ်​၏။


အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​သင့်မြတ်​ငြိမ်းချမ်း​ခြင်း​အကြောင်း​ဖြစ်​တော်မူ​၍ ငါ​တို့​နှစ်မျိုးစလုံး​ကို တစ်မျိုးတည်း​ဖြစ်​စေ​ပြီး ပိုင်းခြား​သော​ရန်ငြိုး​တံတိုင်း​ကို ဖြိုဖျက်​ကာ


စည်းမျဉ်း​များ​ပါ​သည့် ပညတ်​ချက်​တို့​နှင့်ဆိုင်သော​ပညတ်​တရား​ကို မိမိ​ကိုယ်ခန္ဓာ​တော်​အားဖြင့် ပယ်ဖျက်​တော်မူ​၏။ ဤသည်ကား လူ​နှစ်​မျိုး​ကို မိမိ​၌ တစ်မျိုးတည်း​သော​လူ​သစ်​အဖြစ် ဖန်ဆင်း​လျက် သင့်မြတ်​ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ


ယုံကြည်​ခြင်း​အားဖြင့် သင်​တို့​စိတ်နှလုံး​ထဲ၌ ခရစ်တော်​သည် ကိန်းဝပ်​တော်မူ​မည့်​အကြောင်း​နှင့် သင်​တို့​သည် မေတ္တာ​တော်​၌ အမြစ်တွယ်​၍​အုတ်မြစ်​ချ​ထား​ကာ


ထို​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ လူမျိုးခြား​တို့​သည် ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ အတူတကွ​အမွေ​ဆက်ခံ​သူ​များ၊ တစ်ခုတည်း​သော​ကိုယ်ခန္ဓာ​၌​ပါဝင်​သူ​များ​၊ ကတိ​တော်​ကို​အတူတကွ​ခံစား​သူ​များ​ဖြစ်​ကြ​ခြင်း​ပေ​တည်း။


ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​ပြု​သော​သူ​တိုင်း​သည် သခင်​ဘုရား​ထံမှ အကျိုး​ခံစားရ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။


သင်​တို့​သည် အုပ်ချုပ်မှု​နှင့်​အာဏာစက်​ရှိသမျှ​တို့​၏​ဦးခေါင်း​ဖြစ်​တော်မူ​သော ထို​သခင်​အားဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​ပြီး


ဘုရားသခင်​၏​သား​တော်​သည် ကြွလာ​၍ စစ်မှန်​သော​ဘုရားသခင်​ကို​သိရှိ​နိုင်​သည့် အသိဉာဏ်​ကို ငါ​တို့​အား​ပေး​တော်မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် စစ်မှန်​သော​ဘုရားသခင်​၌​လည်းကောင်း၊ ဘုရားသခင်​၏​သား​တော်​ယေရှု​ခရစ်တော်​၌​လည်းကောင်း ရှိ​ကြ​၏။ ကိုယ်တော်​သည် စစ်မှန်​သော​ဘုရားသခင်​ဖြစ်​တော်မူ​ပြီး ထာဝရ​အသက်​လည်း​ဖြစ်​တော်မူ​၏။


ခရစ်တော်​၏​သွန်သင်​ချက်​၌​မ​တည်​ဘဲ ၎င်း​ကို​ကျော်လွန်​သော​သူ​တိုင်း​သည် ဘုရားသခင်​ကို​မ​ရရှိ​ပေ။ ထို​သွန်သင်​ချက်​၌​တည်​သော​သူ​သည် ခမည်းတော်​နှင့်​သား​တော်​ကို​ရရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ