အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 14:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​က​လည်း “​သင်​လျှောက်ဆို​သည့်​အတိုင်း ငါ​ခွင့်လွှတ်​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​တောင်း​ပန် သည့်​အ​တိုင်း ငါ​သည်​သူ​တို့​၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား က၊ သင် တောင်း ပန် သည့် အ တိုင်း ငါ ချမ်း သာ ပေး ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​တောင်း​ပန်​သည်​အ​တိုင်း ငါ​လွှတ်၏။

အခန်းကိုကြည့်ပါ။



တော​လည် 14:20
7 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​၏​။ သို့ရာတွင် ကိုယ်တော်​ရွေးကောက်​တော်မူ​သော မောရှေ​သည် ရှေ့​တော်​မှ ကျိုးပေါက်​မည့်​နေရာ​တွင်​ရပ်​လျက် သူ​တို့​ကို​ဖျက်ဆီး​မည့် ကိုယ်တော်​၏​အမျက်ဒေါသ​ကို တားဆီး​ခဲ့​၏​။


အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​၏​။ ကိုယ်တော်​သည် သူ​တို့​ပြု​သော​မကောင်းမှု​များ​အတွက် အပြစ်ပေး​သော်လည်း သူ​တို့​ကို ခွင့်လွှတ်​သော ဘုရားသခင်​ဖြစ်​တော်မူ​၏​။


ထိုအခါ ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​ဟု မိန့်​တော်မူ​ခဲ့​ရာ​မှ စိတ်ပြောင်းလဲ​တော်မူ​၏​။


မောရှေ​က​လည်း ဖာရော​မင်းကြီး​အား “​ဖား​များ​ကို အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း သုတ်သင်ဖယ်ရှား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​စေရန် အရှင်​နှင့် အရှင့်​အမှုထမ်း​များ​၊ အရှင့်​ပြည်သူပြည်သား​များ​အတွက် အကျွန်ုပ်​ဆုတောင်း​ရ​မည့်​အချိန်​ကို သတ်မှတ်​ပေး​ပါ​”​ဟု လျှောက်​လေ​၏​။


တစ်ဖန် ထာဝရဘုရား​က “​ဓားဘေး​မှ​အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် တောကန္တာရ​၌ ကျေးဇူး​တော်​ခံစား​ရ​ပြီ​။ အစ္စရေး​လူမျိုး​တို့​သည် ငြိမ်ဝပ်ချမ်းသာရာ​သို့ ချီ​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။