ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
တောလည် 14:14 - မြန်မာ့စံမီသမ္မာကျမ်း ဤပြည်၌နေထိုင်သောသူတို့အား ပြောပြကြပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးအလယ်၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင်မြင်ရ၍ ကိုယ်တော်၏မိုးတိမ်သည် သူတို့အပေါ်၌တည်လျက် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ကိုယ်တော်သည် သူတို့၏ရှေ့မှ ကြွတော်မူကြောင်းကိုလည်းကောင်း ဤပြည်သားတို့ကြားထားကြပါပြီ။ Common Language Bible သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။- Garrad Bible ကိုယ် တော် ထာ ဝ ရ ဘု ရား သည် ကိုယ် ကို ထင် ထင် ပြ တော် မူ၍ ဤ လူ မျိုး အ ပေါ် တွင် တည် နေ စေ သော တိမ် တိုက် ဖြင့် နေ့ အ ချိန် တိမ် တိုင်၌ လည်း ကောင်း၊ ညဉ့် အ ချိန် မီး တိုင်၌ လည်း ကောင်း ရှေ့ က ကြွ သွား တော် မူ သည့် အ လျောက် သူ တို့ အ လယ် တွင် ရှိ နေ တော် မူ ကြောင်း ကို ကြား သိ သော ခါ နာန် ပြည် သူ ပြည် သား တို့ အား ပြန် ကြား ကြ ပါ လိမ့် မည်။ Judson Bible ဤပြည်၌နေသောသူတို့အား သတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကိုလည်းကောင်း၊ မိုးတိမ်တော်သည် သူတို့ကိုလွှမ်းမိုးကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့ကကြွတော်မူကြောင်းကိုလည်းကောင်း ကြားရကြပြီ။ |
ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
ထို့ပြင် သူတို့အား နေ့အချိန်၌ မိုးတိမ်တိုင်ဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင် အလင်းရဖို့ မီးတိုင်ဖြင့်လည်းကောင်း ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် သူတို့ကိုတောကန္တာရတွင် စွန့်ပစ်တော်မမူ။ နေ့အချိန်၌ သူတို့ကို လမ်းခရီးတွင်ပို့ဆောင်ရန် မိုးတိမ်တိုင်ကိုသူတို့ရှေ့မှမဖယ်ရှား၊ ညအချိန်၌ သူတို့သွားသောလမ်းခရီးတွင်လည်း အလင်းရရှိရန် မီးတိုင်ဖြင့် ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။
နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ တစ်ညလုံး မီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူ၏။
လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရကြောင်းကို မည်သို့သိရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ကြွတော်မူသောအားဖြင့်သာ မဟုတ်လော။ ဤသို့ဖြင့် အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့နှင့် ကွဲပြားခြားနားပါမည်”ဟု ကိုယ်တော်အားလျှောက်လေ၏။
ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။
သူတို့သည် တပ်စခန်းမှ ခရီးပြုကြသောအခါ နေ့အချိန်၌ ထာဝရဘုရား၏မိုးတိမ်သည် သူတို့အပေါ်တွင် တည်၏။
သူနှင့်မျက်နှာချင်းဆိုင် ရှင်းလင်းစွာမိန့်ဆို၏။ သွယ်ဝိုက်၍ မမိန့်ဆို။ သူသည် ထာဝရဘုရား၏ပုံသဏ္ဌာန်ကို မြင်ရ၏။ သင်တို့သည် ငါ့အစေအပါးမောရှေကို အဘယ်ကြောင့် ဆန့်ကျင်ပြောဆိုဝံ့သနည်း”ဟု မိန့်တော်မူပြီးနောက်
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ယေရှုက“ဖိလိပ္ပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှလောက်ကြာမြင့်စွာရှိလျက်နှင့်ပင် သင်သည် ငါ့ကိုမသိခဲ့သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်လေပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ’ဟု သင်မည်သို့ဆိုနိုင်သနည်း။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
ထိုမှ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဟောရပ်တောင်မှ ခရီးပြု၍ အာမောရိတောင်ပေါ်ဒေသလမ်းတစ်လျှောက်ရှိ သင်တို့မြင်ရသည့် ကြောက်မက်ဖွယ်တောကန္တာရကြီးကိုဖြတ်ကာ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
ထိုအချိန်မှစ၍ အစ္စရေးလူမျိုးတွင် မောရှေကဲ့သို့ ထာဝရဘုရားအား တရင်းတနှီးသိကျွမ်းသော ပရောဖက်တစ်ပါးမျှ မပေါ်ထွန်းတော့ပေ။
‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။
ထာဝရဘုရားသည် တောင်ပေါ်၌ သင်တို့နှင့် မီးထဲမှမျက်နှာချင်းဆိုင် မိန့်တော်မူ၏။
ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။
ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။