ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
တောလည် 14:13 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် မောရှေက ထာဝရဘုရားအား “ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ဤလူမျိုးကို အီဂျစ်လူမျိုးတို့အလယ်မှ ထုတ်ဆောင်တော်မူခဲ့သည်ကို အီဂျစ်လူမျိုးတို့ကြားကြ၍ Common Language Bible ထိုအခါမောရှေကထာဝရဘုရား အား``ကိုယ်တော်သည်ဤလူမျိုးကိုတန်ခိုး တော်အားဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့ပါသည်။ အီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏လူမျိုးတော်အား ကိုယ်တော်ဘေး ဒဏ်သင့်စေကြောင်းကြားရသောအခါ၊- Garrad Bible မော ရှေ က ဤ လူ မျိုး ကို တန် ခိုး တော် အား ဖြင့် အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သည့် အ တိုင်း ထို ပြည် သား တို့ သည် သ တင်း ကြား လျက်၊ Judson Bible မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကိုတန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍၊ နောက်တစ်ဖန် ဤသတင်းကို အဲဂုတ္တုလူတို့သည်ကြားပြန်လျှင်၊ |
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သောလူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။
သို့သော် သူတို့နေထိုင်ရာလူမျိုးခြားတို့အလယ်တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့အား သိစေခဲ့၏။
သို့သော် သူတို့ကိုရန်ပြုသောသူတို့၏ရန်သူတို့သည် ထောင်လွှားလာပြီး “ဤအမှုအလုံးစုံကို ထာဝရဘုရားပြုတော်မူသည်မဟုတ်၊ ငါတို့လက်ဖြင့် အောင်မြင်ခဲ့သည်”ဟု အထင်လွဲ၍ ဆိုလာမည်ကို စိုးရိမ်၏’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ကြီးမြတ်သောနာမတော်ကို ထောက်၍ မိမိ၏လူမျိုးတော်ကို စွန့်ပစ်မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို မိမိလူမျိုးတော်ဖြစ်စေဖို့ အလိုရှိတော်မူ၏။