ငါသည် ဘုရားသခင်အား ‘အကျွန်ုပ်ကို အပြစ်ရှိသည်ဟု မစီရင်ပါနှင့်။ အဘယ်ကြောင့် အကျွန်ုပ်အား စွဲချက်တင်တော်မူသည်ကို အကျွန်ုပ်အား မိန့်ဆိုတော်မူပါ။
တောလည် 11:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မောရှေက ထာဝရဘုရားအား “ကိုယ်တော်၏အစေအပါးကို အဘယ်ကြောင့်ဒုက္ခရောက်စေပါသနည်း။ ဤလူမျိုးအပေါင်းတို့၏ဝန်ကို အကျွန်ုပ်အပေါ်၌တင်၍ ကိုယ်တော်၏ရှေ့တော်၌ အဘယ်ကြောင့် အကျွန်ုပ်ကို မျက်နှာမရစေပါသနည်း။ Common Language Bible မောရှေက``ကိုယ်တော်အဘယ်ကြောင့်အကျွန်ုပ် အား ဆင်းရဲဒုက္ခရောက်စေတော်မူပါသနည်း။ အဘယ်ကြောင့်အကျွန်ုပ်သည်ရှေ့တော်၌မျက်နှာ မရပါသနည်း။ ဤသူအပေါင်းတို့အတွက် အကျွန်ုပ်အား အဘယ်ကြောင့်တာဝန်ပေးတော် မူပါသနည်း။- Garrad Bible ထာ ဝ ရ ဘု ရား အား မော ရှေ က၊ ကျွန် တော် မျိုး ၌ ဒု က္ခ ရောက် စေ တော် မူ၍ မျက် နှာ သာ တော် မ ပေး ဘဲ ဤ တစ် မျိုး လုံး ဝန် ကို တင် တော် မူ သည့် အ ကြောင်း မှာ အ သို့ နည်း။ Judson Bible ဤလူအပေါင်းတို့ကိုထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာတင်၍ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌မျက်နှာမရဘဲ နေရပါသနည်း။ |
ငါသည် ဘုရားသခင်အား ‘အကျွန်ုပ်ကို အပြစ်ရှိသည်ဟု မစီရင်ပါနှင့်။ အဘယ်ကြောင့် အကျွန်ုပ်အား စွဲချက်တင်တော်မူသည်ကို အကျွန်ုပ်အား မိန့်ဆိုတော်မူပါ။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်များကို မှတ်ထားတော်မူလျှင် မည်သူသည်ခံရပ်နိုင်ပါမည်နည်း။
ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။
ထိုအခါ မောရှေက ထာဝရဘုရားအား “ဤလူတို့ကို အကျွန်ုပ်မည်သို့ပြုရပါမည်နည်း။ သူတို့သည် အကျွန်ုပ်ကို ခဲနှင့်ပေါက်လုနီးပါပြီ”ဟု ဆိုလျက် အော်ဟစ်တောင်းလျှောက်လေ၏။
မောရှေသည် ထာဝရဘုရားထံသို့ပြန်လာ၍ “အို ဘုရားရှင်၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ဒုက္ခရောက်စေတော်မူသနည်း။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း။
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။
လူတို့သည် အသီးသီးမိမိတို့မျိုးနွယ်စုအလိုက် မိမိတို့တဲအဝင်ဝ၌ ငိုကြွေးနေကြသည်ကို မောရှေကြား၏။ ထာဝရဘုရားသည် အလွန်အမျက်ထွက်၏။ မောရှေသည်လည်း ဆိုးရွားသောအမှုဖြစ်သည်ဟု မြင်လေ၏။
ကိုယ်တော်သည် အကျွန်ုပ်အား ဤသို့ပြုတော်မူမည်ဆိုလျှင် ယခုပင် အကျွန်ုပ်ကို ကွပ်မျက်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်မှောက်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခနှင့် မကြုံတွေ့ပါရစေနှင့်”ဟု လျှောက်ဆိုလေ၏။
ဤပြင်ပမှ ဘေးဒုက္ခများအပြင် အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းသည်လည်း နေ့စဉ်နှင့်အမျှ ငါ့ကိုဖိစီးနေ၏။
သင်တို့၏ပြဿနာ၊ သင်တို့၏ဝန်ထုပ်ဝန်ပိုးနှင့် ခိုက်ရန်ဖြစ်ပွားမှုကို ငါတစ်ယောက်တည်း မည်သို့တာဝန်ယူနိုင်မည်နည်း။